Powered by Blogger.

လီဗာပူးလ်အသင်းနဲ့  ပွဲစဉ်မှာ ဆန်းချက်ဇ် ပြန်လည်ပါဝင်မယ်လို့  ပြောဆိုလိုက်တဲ့  အာဆင်ဝင်းဂါး



အာဆင်နယ်အသင်းနည်းပြ အာဆင်ဝင်းဂါးဟာ အသင်းရဲ့ အဓိကတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ် အနေနဲ့ လာမယ့် အပတ် လီဗာပူးလ် အသင်းနှင့် အဝေးကွင်း ပွဲစဉ်မှာ ပြန်လည် ပါဝင် ကစားဖွယ်ရှိနေကြောင်း ပြောဆိုလိုက်ပါတယ်။  အဆိုပါ ကစားသမား အနေနဲ့ ပုံမှန် ခြေစွမ်း ပြန်လည် ရရှိဖို့ အတွက် အချိန်ယူ ရဦးမယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

ဆန်းချက်ဇ်ဟာ ဖီဖာကွန်ဖက်ဒရေးရှင်း ဖလား ပြိုင်ပွဲ အပြီး ၀မ်းဗိုက်နာကျင်မှုကြောင့် နားနေရပြီးနောက် ပြီးခဲ့တဲ့ အပတ်ကမှ အာဆင်နယ် အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်လည် ဆင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ စတုတ်စီးတီး အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးခဲ့တဲ့ အဝေးကွင်း ပွဲစဉ်မှာလည်း ပါဝင်ကစားခဲ့ခြင်း မရှိသလို ပြီးခဲ့တဲ့ လက်စတာစီးတီး အသင်းနဲ့ အိမ်ကွင်း ပွဲစဉ်မှာလည်း ၀င်ရောက် ကစားနိုင်ခဲ့ခြင်း မရှိသေးပါဘူး။

အာဆင်နယ်အသင်း နည်းပြ အာဆင်ဝင်းဂါးက ၎င်းတို့ အသင်း တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ် အနေနဲ့ အသင်းမှာ ဆက်လက် ရှိနေမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ဆန်းချက်ဇ်ကို လာမယ့် တနင်္ဂနွေနေ့ လူစာရင်းမှာ ရွေးချယ်ဖို့ကိုလည်း စဉ်းစားသွားမယ်လို့ ဆိုပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment