မန်ယူအသင်းသားဟောင်း အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူးဝိန်းရူနီဟာ အင်္ဂလန်အသင်းကနေအနားယူလိုက်ပြီလို့ကြေညာလိုက်ပါတယ်။မကြာခင်မှာအင်္ဂလန်လူစာရင်းကိုကြေညာမယ့် လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ကိုထိုးနှက်လိုက်သလိုဖြစ်စေပါတယ်။အသက် ၃၁ နှစ်ရှိတဲ့ရူနီဟာအဲဗာတန်ကိုပြောင်းလာပြီးတဲ့နောက်ဆက်တိုက်ခြေစွမ်းပြနေလို့ လာမယ့်ခြေစစ်ပွဲတွေမှာ ၀င်ကစားဖို့ဆောက်ဂိတ်ကကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အသက် ၃၁ နှစ်အရွယ်မှာအနားယူဖို့သင့်ပြီလို့ယုံကြည်တဲ့အတွက် အခုလိုဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ရူနီကဆိုပါတယ်။ သူဟာ မန်ယူမှာရှိစဉ်တုန်းကခြေစွမ်းပျောက်ခဲ့လို့ အင်္ဂလန်အသင်းနဲ့ နှစ်ကြိမ်တောင်ဝေးကွာခဲ့ရသေးတာပါ။ရူနီဟာအင်္ဂလန်အတွက် ဂိုးအများဆုံးသွင်းသူအဖြစ် ၅၃ ဂိုးနဲ့ရပ်တည်ခဲ့တာဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာ စက်တင်ဘာ ၁ရက်နေ့  နဲ့စက်တင်ဘာ ၄ရက်နေ့  တို့မှာ မော်လ်တာ၊ဆလိုဗက်ကီးယားအသင်းတို့နဲ့ခြေစစ်ပွဲကစားရမှာဖြစ်ပါတယ်။
Mocha
#sport.thithtoolwin.com
Ref:
0 comments :
Post a Comment