Powered by Blogger.

အန်ဖီးလ်ကွင်းထဲမှာ လီဗာပူးအသင်းနဲ့  ပြိုင်ဘက်အသင်းတွေ ယှဉ်ပြိုင်လိုမှာမဟုတ်ဖူးလို့ ၀င့်ကြွားစွာ ပြောဆိုလိုက်တဲ့  ဂျာဂန်ကလော့



လီဗာပူးအသင်းနည်းပြ ဂျာဂင်ကလော့ပ်ဟာ ဟော်ဖန်ဟိမ်းကိုအိမ်ကွင်းမှာ ၄-၂ နဲ့နိုင်ကာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကိုတက်ရောက်သွားပြီးတဲ့နောက် ချန်ပီယံလိဂ်မှာ ဘယ်အသင်းကမှ အန်ဖီးလ်ကိုလာပြီးရင်ဆိုင်လိုမှာမဟုတ်ဖူးလို့ပြောလိုက်ပါတယ်။

လီဗာပူးဟာ ဟောဖန်ဟိမ်းကို ၂ကျော့ပေါင်းရလဒ် ၆-၃ နဲ့နိုင်ပြီး အုပ်စုအဆင့်ကိုတက်ရောက်သွားတာဖြစ်ပါတယ်။မနေ့ညက ကစားခဲ့တဲ့ပွဲမှာ လီဗာပူးအတွက်ဂိုးတွေကို အမ်မရီကန်က ၂ ဂိုး၊ဆာလာနဲ့ဖာမီနိုတို့က တစ်ဂိုးစီသွင်းပေးခဲ့ကြပါတယ်။

၈ရာသီအတွင်းမှာ ဒုတိယအကြိမ်အဖြစ် အုပ်စုအဆင့်ကိုတက်ရောက်ခဲ့ပြီးတဲ့နောက် ကလော့ပ်က“ချန်ပီယံလိဂ်ဆိုတာကျွန်တော်တို့ရှိသင့်တဲ့နေရာဘဲလေ။ဘယ်သူနဲ့တွေ့မလဲဆိုတာသိရတော့မှာပါ။အန်ဖီးလ်ကိုတော့ဘယ်သူကမှလာရင်ဆိုင်ရဲမယ်မထင်ဘူးဗျ”လို့ပြောသွားတာပါ။အုပ်စုအဆင့်မဲခွဲမှုတွေကို ဒီကနေ့ညနေပိုင်းမှာပြုလုပ်သွားမှာဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment