Powered by Blogger.

ပေါ့ဘာ ကိုချီးမွမ်းလိုက်တဲ့ အန်တိုနီမာရှယ်



မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်တိုက်စစ်မှူး မာရှယ်လ်က ပြင်သစ်နိုင်ငံသား ကွင်းလယ် ကစားသမား ပေါ့ဘာကို ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်လာမှာဆိုပြီး ချီးမွမ်းခန်းဖွင့်လိုက်ပါတယ်။ ပြီးတော့ မန်ယူကွင်းမှာ နောက်ထပ်ငါးနှစ်အတွင်း အကောင်းဆုံးကစားသမားအဖြစ် မြင်တွေ့ရမှာ ဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် ပေါ့ဘာဟာ ကစားနိုင်တဲ့အရည်အချင်းတွေက ပိုမိုကောင်းမွန်လာမှာ ဖြစ်တယ်လို့ ပြော ဆိုခဲ့ပါတယ်။

မန်ယူရုပ်သံလိုင်းနဲ့တွေဆုံခန်းမှာ မာရှယ်လ်က “ ပေါ့ဘာဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ် လာမှာဆိုတာ သေချာပေါက်ပြောနိုင်ပါတယ်။ ပေါ့ဘာက ခန္ဒာကိုယ်ကြံ့ခိုင်ပြီး ကစားအားကောင်းတဲ့ သူတစ် ယောက်လည်း ဖြစ်ပါတယ်။ ဘောလုံးနည်းစနစ်ပိုင်းမှာ ကျွမ်းကျင်သလို အင်တိုက်အားတိုက်နဲ့ ဘောလုံးကစား တတ်တဲ့ သူလည်း ဖြစ်ပါတယ်။ တကယ်လို့ ဒီပုံစံအတိုင်းဆက်သွားနေမယ်ဆိုရင်း ပေါ့ဘာက နောက်ငါးနှစ် အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာမှာ မလွဲဧကန်ပါပဲ ´´ ဆိုပြီး ပေါ့ဘာကို တစ်နိုင်ငံတည်း သားဖြစ်သလို မန်ယူကစားဖော် မာရှယ်လ် ချီးမွှမ်းစကားဆိုခဲ့ပါတယ်။

မန်ယူအသင်းဟာ အခုလာမဲ့ စနေနေ့မှာ လက်စတာစီးတီးအသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ ရှိသလို စက်တင်ဘာလ ၉ ရက်နေ့မှာတော့ စတုတ်စီးတီးအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တော့ မန်ယူအသင်းရဲ့ ကစားသမားတွေဟာ ကြံ့ခိုင်မှုပြည့်ဝနေပြီး အောင်ပွဲခနေချိန်လို့ ပြောလို့ရပါတယ်။


Mocha

#sport.thithtoolwin.com

Ref: daily  mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment