Powered by Blogger.

ယနေ့ညမိုနာကိုမြို့ မှာ ကျင်းပမယ့် ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲမူနဲ့ ဥရောပအကောင်းဆုရွေးချယ်ပွဲအခမ်းအနား




ချန်ပီယံလိဂ် အုပ်စုမဲခွဲမှုကို မိုနာကိုမှာ သြဂုတ်လ(၂၄)ရက်နေ့ မြန်မာစံတော်ချိန် ည(၁၀း၃၀) နာရီမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အုပ်စုမဲခွဲတဲ့ အခမ်းအနားမှာ ဥရောပ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုချီးမြှင့်ပွဲကိုလည်း ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

မဲခွဲမှူပြုလုပ်စဉ်မှာ သက်ဆိုင်ရာနိုင်ငံအလိုက်မှ အသင်းများ၏ အဆင့်ရပ်တည်ချက်အလိုက် ပါဝင်ခွင့်ရထားသည့် သတ်မှတ်မဲအိုးများကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Pot 1: Real Madrid (ESP, holders), Bayern München (GER), Juventus (ITA) Benfica (POR), Chelsea (ENG), Shakhtar Donetsk (UKR), Monaco (FRA), Spartak Moskva (RUS)


Pot 2: Barcelona (ESP), Atlético Madrid (ESP), Paris Saint-Germain (FRA), Borussia Dortmund (GER), Sevilla (ESP), Manchester City (ENG), Porto (POR), Manchester United (ENG)


Pot 3: Napoli (ITA), Tottenham Hotspur (ENG), Basel (SUI), Olympiacos (GRE), Anderlecht (BEL), Liverpool (ENG), Roma (ITA), Beşiktaş (TUR)


Pot 4: Celtic (SCO), CSKA Moskva (RUS), Sporting CP (POR), APOEL (CYP), Feyenoord (NED), Maribor (SVN), Qarabağ (AZE), RB Leipzig (GER)

ဖိုင်နယ်ပွဲစဉ်ဟာ ယူကရိန်းနိုင်ငံ ကီယက်ဖ်မြို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တဲ့အတွက် ချန်ပီယံလိဂ်ကျင်းပရေးကော်မတီက ရုရှားကလပ်များနဲ့ ယူကရိန်းကလပ်များကို ထိပ်တိုက်တွေ့ဆုံစေမှာ မဟုတ်ကြောင်း သိရပါတယ်။

မဲခွဲတဲ့အခမ်းအနားမှာပဲ ဆုပေးပွဲအခမ်းအနားကို ထည့်သွင်းကျင်းပ သွားမှာဖြစ်ပါတယ်။ ချီးမြှင့်သွားမယ့်ဆု အမျိုးအစားတွေကတော့

(၁) . ဥရောပတစ်နှစ်တာအကောင်းဆုံး အမျိုးသား ဘောလုံးသမားဆု
(၂) ဥရောပတစ်နှစ်တာအကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆု
(၃) . ဥရောပတစ်နှစ်တာအကောင်းဆုံးဂိုးသမားဆု
(၄) ဥရောပ တစ်နှစ်တာ အကောင်းဆုံးနောက်တန်းကစားသမားဆု
(၅) . ဥရောပတစ်နှစ်တာ အကောင်းဆုံး ကွင်းလယ်ကစားသမားဆု
(၆) . ဥရောပ တစ်နှစ်တာ အကောင်းဆုံး တိုက်စစ်ကစားသမားဆု တို့ကိုပါ ရွေးချယ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment