Powered by Blogger.

မန်ယူအသင်းနဲ့ တစ်နှစ်စာချုပ်ချုပ်ဆိုလိုက်ပြီး ကျောနံပါတ် ၁၀ ၀တ်ဆင်ကစားမယ့် ဇလာတန်အီဘရာဟီမိုဗစ်



ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ တိုက်စစ်မှူးအီဘရာဟီမိုဗစ်ဟာ ဒဏ်ရာကနေပြန်လည်သက်သာလာပြီဖြစ်တဲ့အတွက် မန်ယူနဲ့ ၁ နှစ်စာချုပ်ကိုထပ်မံချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ သူဟာပြီးခဲ့တဲ့ ဧပြီလကဒူးဒဏ်ရာမရခင်မှာ မန်ယူအတွက်ခြေစွမ်းပြခဲ့သူဖြစ်ပြီး ပြှိုင်ပွဲအရပ်ရပ် ၄၆ ပွဲမှာ ၂၈ ဂိုးသွင်းပေးခဲ့သူဖြစ်ပါတယ်။

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ဆွီဒင်တိုက်စစ်မူးကြီးမိုဗစ်ဟာ လောလောဆယ်မှာကစားနိုင်ဦးမှာမဟုတ်ပေမယ့် ရာသီဒုတိယပိုင်းအတွက် အရေးပါလာလိမ့်မယ်လို့ နည်းပြမော်ရင်ဟိုကပြောခဲ့ပါတယ်။သူ့ဒဏ်ရာဟာ ၉ လအထိနားရမယ်လို့ ယူဆခဲ့ပေမယ့် ကြံခိုင်မှုပိုင်းကမထင်လောက်အောင်ကောင်းမွန်တဲ့အတွက် အခုဆိုရင်သိသိသာသာပြန်ကောင်းလာနေတယ်လို့လည်းသိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment