Powered by Blogger.

အသင်းသားတွေကိုချီးကျုးလိုက်တဲ့  အက်သလက်တီကိုမက်ဒရစ်အသင်း နည်းပြဆီမြွန်နီ





အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြ ဆီမြွန်နီဟာ တန်းတက်အသင်းဖြစ်တဲ့ ဂီရိုနာနဲ့ ၂-၂ သရေကျခဲ့တဲ့ ပွဲစဉ်မှာ သူ့အသင်းရဲ့အားထုတ်မှုကိုကျေနပ်နေပြီး ဘယ်တော့မှလက်မလျှော့တဲ့အသင်းလိုချီးကျု့းပြောဆိုလိုက်ပါတယ်။

ဂီရိုနာအသင်းဟာ ၂ ဂိုးအသာနဲ့ဦးဆောင်နိုင်ခဲ့သလို အက်သလက်တီကိုအသင်းဘက်က တိုက်စစ်မူးဂရစ်ဇ်မန်းအနီကပ်နဲ့ အထုတ်ခံရတာကြောင့်အသင်းဟာရှုံးနိပ်ပြီလို့ ထင်ခဲ့ကျပါတယ်။

သို့ ပေမယ့် အက်သလက်တီကိုဟာ ကော်ရီယာ၊ဂျီမီနက်ဇ်တို့ရဲ့ဂိုးတွေနဲ့သရေတစ်မှတ်ရယူနိုင်ခဲ့ပါတယ်။ဆီမြွန်နီက“ပထမပိုင်းဆိုးရွားခဲ့ပေမယ့် ဒုတိယပိုင်းမှာပိုကောင်းလာခဲ့တယ်။ အက်သလက်တီကိုဟာဘယ်တော့မှလက်လျှော့တတ်တဲ့အသင်းမဟုတ်လို့မဖြစ်နိုင်တဲ့သရေပွဲရခဲ့တာပါ”လို့ပြောဆိုသွားပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment