Powered by Blogger.

ဇလာတန်အီဗရာမိုဗစ်အား အိုထရတ်ဖိုကွင်းကြီးထဲမှာ မကြာခင်ပြန်လည် မြင်တွေ့ ရဖွယ်ရှိနေ



ပြီးခဲ့သည့်ရာသီက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးအများဆုံး သွင်းယူထားသူ တိုက်စစ်မူး ဇလာတန်ဟာ စာချုပ်သက်တမ်းကုန်ဆုံး ခဲ့ပြီး အမေရိက ကလပ်များသို့ ပြောင်းရွှေ့ တော့မည်ဟု သတင်းထွက်ထားပေမယ့် မန်ယူအသင်းဟာအဆိုပါ ၃၅ နှစ်သားအား ယခုအပတ်အတွင်း စာချုပ်သစ်ချုပ်ဆို၍ ပြန်လည်ခေါ်ယူမည်ဟု သိရပါတယ်။

ဇလာတန်ဟာ ပြင်းထန်သည့် ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူပြီးမှပြန်လည်ကစားနိုင်မည်ဟု သိရပေမယ့် ၎င်းရဲ့ ဒဏ်ရာအခြေအနေဟာ ပြန်လည် သက်သာလာခြင်းကြောင့် ထင်ထားသည့် အချိန်ထက်စော၍ ပြန်လည် ကစားပေးနိုင်မည်ဟု သိရပါတယ်။မိုဗစ်ဟာ ယခုအခါမှာ ပြင်သစ်နိုင်ငံမှာအပန်းဖြေနေတယ်လို့ သိရပါတယ်။

Mocha

#sport.thithtoolwin.com

 Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment