Powered by Blogger.

ဘာစီလိုနာအသင်းနဲ့ အနာဂါတ်မရေရာဖြစ်နေတဲ့ အင်နီယေစတာ





စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းရဲ့ ဝါရင့်ကွင်းလယ်လူ အင်နီယေစတာကသူရဲ့အနာဂတ်နဲ့ပတ်သက်လို့ စဉ်းစာနေရပြီလို့ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဘာစီလိုနာအသင်းကြီးမှာ ၂၀၀၂ခုနှစ်ကစတင်ပွဲထွက်ခဲ့တဲ့ အင်နီယေစတာဟာအသင်းနဲ့ စာချုပ်သစ်မချုပ်ရသေးတဲ့အတွက် သူ့အနာဂတ်ဟာ တကယ့်ကို မရေမရာဖြစ်နေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

အင်နီယေစတာက သူဟာ“စာချုပ်သစ်မချုပ်ဆိုရသေးသလို ထူးဆန်းတဲ့ခံစားချက်တွေကိုလည်းပထမဆုံးအကြိမ်ခံစားနေရတာပါ။အရင် ၃ နှစ်လောက်တုန်းကဆိုရင်ဒါမျိုးဖြစ်လိမ့်မယ်လို့ လုံးဝကိုမတွေးခဲ့မိတာပါ။အနာဂတ်ကိုစဥ်းစားလာတာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်”လို့ပြောသွားပါတယ်။

 Mocha

#sport.thithtoolwin.com

Ref: mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment