Powered by Blogger.

ဒဏ်ရာပြသနာကြောင့် တစ်လအနားယူရတော့မယ့် ဇာဟာ




ခရစ္စတယ်ပဲလေ့စ် အသင်း ကစားသမား ဖြစ်သူ ဇာဟာဟာ ဒဏ်ရာကြောင့် တစ်လခန့် နားရတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ကစားသမား ဖြစ်သူဟာ တန်းတက် ဟက်ဒါဖီးလ်တောင်း အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့တဲ့ အဝေးကွင်း ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခြေထောက် ဒဏ်ရာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဇာဟာဟာ လီဗာပူးလ်၊ အစ်ဆွစ်ခ်ျတောင်း၊ ဆွမ်ဆီး အသင်းများနဲ့ ကစားရမယ့် ပွဲစဉ်တွေကို လွဲချော်ရတော့မှာလည်း ဖြစ်ပါတယ်။ အဆိုပါ အင်္ဂလန် ကစားသမား ဖြစ်သူ အနေနဲ့လည်း စက်တင်ဘာလ ၁၀ ရက်နေ့ ဘန်လေ အသင်းနဲ့ ပွဲစဉ်ကျမှသာ ခရစ္စတယ်ပဲလေ့စ် အသင်း အတွက် ကြံ့ခိုင်မှု ပြည့်ဝစွာနဲ့ ပြန်လည် ပါဝင်ကစားနိုင်မယ်လို့လည်း သိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily maila
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment