Powered by Blogger.

ကွင်းလယ်ကစားသမား ဆမ်ကလူကပ်စ်အတွက် ဘန်လေအသင်းရဲ့ ပေါင် ၁၀ သန်းဖြင့် ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ ဟူးလ်စီးတီးအသင်း



ဟူးလ်စီးတီးအသင်းဟာ အသင်းရဲ့ ကြယ်ပွင့် ကစားသမား ဆမ်ကလူကပ်စ်အတွက် ဘန်လေအသင်းရဲ့ ပေါင် ၁၀ သန်းဖြင့် ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချလိုက်ပါတယ်။

တိုက်ဂါးတွေဟာ အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဆမ်ကလူကပ်စ်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်း သွားလိုနေပြီး ရောင်းချသွားဖို့  အလိုမရှိဖြစ်နေတာပါ။

နယူးကာဆယ်အသင်းဟာလည်း အဆိုပါ အသက်၂၆ နှစ် ကစားသမားကို စိန့် ဂျိမ်းပါ့ခ်ကိုခေါ်ယူဖို့  ကာလအတော်ကြာ စိတ်ဝင်စားနေတာဘဲ ဖြစ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဘန်လေအသင်းဟာ ကလူကပ်စ်ကို အရခေါ်ယူဖို့  ပြင်ဆင်ကာ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

နည်းပြဆီရန် ဒိုင်ချီရဲ့ ဘန်လေအသင်းဟာ ပြီးခဲ့တဲ့ အပတ်က ကလူကပ်စ်အတွက် ပေါင် ၅ သန်းဖြင့် ကမ်းလှမ်းခဲ့ကာ ယခုအခါမှာတော့ ပြောင်းရွှေ့ကြေး နှစ်ဆဖြင့် ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဟူးလ်စီးတီးအသင်းဟာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ နောက်ခံလူ ဟယ်ရီ မက်ဂွာရီနဲ့  အန်ဒီ ရော်ဘတ်ဆန်တို့ ကို ရောင်းချထားတာကြောင့် အသင်းရဲ့ အဓိက ကစားသမားများ ရောင်းချသွားလိုစိတ် မရှိတာဖြစ်ပါတယ်။ နည်းပြသစ် လီယိုနစ် ဆလပ်ကီဟာလည်း ကလူကပ်စ်ကို အသင်းမှာ ဆက်ထိန်းသွားမှာ ဆန္ဒရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် ၀က်စ်ဘရွန်းအသင်းဟာလည်း ကလူကပ်စ်ကို ခေါ်ယူဖို့  ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့လည်း ၀က်စ်ဘရွန်းဟာ အဲဗာတန်အသင်း ကွင်းလယ်ကစားသမား ဂါရတ်ဘယ်ရီကို ခေါ်ယူနိုင်ခဲ့ပြီးနောက်မှာ ခေါ်ယူဖို့  လက်လျော့သွားဖွယ် ရှိနေပါတယ်။

ကလူကပ်စ်ဟာ ယမန်နှစ်ရာသီက ဟူးလ်စီးတီးအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်တဲ့ ကစားသမားများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ် အသင်းတစ်ချို့က ကလူကပ်စ်ကို ခေါ်ယူဖို့  စိတ်ဝင်စားနေကြတာ ဘဲဖြစ်ပါတယ်။

ကလူကပ်စ်ဟာ လင်ကွိုင်းစီးတီးအသင်းကနေ ကစားသမားဘ၀ စတင်ခဲ့ပြီး ထိုနောက် ၂၀၁၁ ခုနှစ်မှာ ဟီဖို့ တ်အသင်းကို ပြောင်းရွေ့ခဲ့ပါတယ်။

ဟီဖို့ တ်အသင်းမှာ နှစ်ရာသီကြာ ကစားခဲ့ပြီးနောက် မန်စ်ဖီးတ်အသင်းကို တစ်ရာသီပြောင်းရွေ့ ခဲ့ပြီး ထိုနောက်မှာတော့ ချက်စတာဖီးတ်အသင်းကို ရောက်ရှိခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ ချက်စတာဖီးတ်အသင်းမှာ ခြေစွမ်းပြ ကစားနိုင်ပြီးတဲ့နောက် တိုက်ဂါးတွေဟာ ကလူကပ်စ်ကို ပေါင် ၁.၃ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။ လက်ရှိမှာတော့ တိုက်ဂါးတွေအတွက် ကလူကပ်စ်ဟာ ၈၃ ပွဲမှာ ၉ဂိုး သွင်းယူပေး နိုင်ထားပါတယ်။

Mocha

#sport.thithtoolwin.com

Ref: gOAL
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment