Powered by Blogger.

အေစီမီလန်အသင်းကို အငှားဖြင့် ရောက်ဖွယ်ရှိနေတဲ ရီနာတိုဆန်းချက်ဇ်




ဘိုင်ယန်မြူးနစ်အသင်း၏လူငယ်ကွင်းလယ်ကစားသမားရီနာတိုဆန်းချက်ဇ်ဟာ အီတလီကလပ် အေစီမီလန်အသင်းကို့  အငှါးသွားရောက်ကစားရန်နီးစပ်လျက်ရှိကြောင်း ဘိုင်ယန်မြူးနစ် CEO ရူမန်နီဂီမှ မီဒီယာများသို့ တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ယူရို ၂၀၁၆ဘောလုံးပြိုင်ပွဲတွင် ပေါ်တူဂီလက်ရွေးစင်းအသင်းနှင့်အတူအောင်မြင်မှုများရယူနိုင်ခဲံသည့် အသက် ၁၉နှစ်အရွယ်ရှိရီနာတိုဆန်းချက်ဇ်အား ဘိုင်ယန်မြူးနစ်အသင်းမှ ပြိုင်ဘက်အသင်းများထက်လက်ဦးမှုရယူကာခေါ်ယူနိုင်ခဲ့သော်လည်း အသင်းတွင် ခြေစွမ်းပြသနိုင်ခြင်းမရှိသည့်အတွက် ပုံမှန်ပွဲထွက်ခွင့်ပေးရန် အခက်များဖြစ်ပေါ်လျက်ရှိနေပါတယ်။

ယူရို၂၀၁၆တွင်အသက်အငယ်ဆုံးကစားသမားတစ်ဦးဖြစ်ခဲ့သည့် ရီနာတိုဆန်းချက်ဇ်သည် အနာဂတ်တွင်တောက်ပလာနိုင်သည့်ခြေစွမ်းကောင်းများပိုင်ဆိုင်ထားသည့် အတွက် ထိပ်သီးအသင်းများဖြစ်သည့် အေစီမီလန်၊ မန်ယူ၊ ချဲလ်ဆီးစသည့်အသင်းများမှခေါ်ယူရန်စိတ်ဝင်စားလျက်ရှိကာ ဘိုင်ယန်မြူးနစ်အသင်းမှလည်း ယခုရာသီတွင် ပုံမှန်ပွဲထွက်ခွင့်ပေးနိုင်သည့် အသင်းသို့ အငှါးချထားရန်စီစဉ်လျက်ရှိကြောင်းသိရှိရပါတယ်။

“ ရီနာတိုဆန်းချက်ဇ်ဟာ အီတလီကို အငှါးသွားရောက်ကစားပါတော့မယ်။ ကမ်းလှမ်းထားတဲ့အသင်းတွေအများကြီးထဲမှအေစီမီလန်ကိုစိတ်ဝင်စားလျက်ရှိပါတယ်။ သူ့  ကိုအငှါးပဲ ချထားဖို့ အစီစဉ်ရှိပါတယ်။ သူဒီထက်မကခြေစွမ်းကောင်းတွေပြသနိုင်မယ်လိုမျှော်လင့်မိပါတယ်။ သူဟာကစားသမားကောင်းတစ်ယောက်ပါ။”ဟု ရူမန်နီဂီမှထုတ်ဖော်ပြောကြားခဲ့ပါတယ်။



Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment