Powered by Blogger.

အာဆင်နယ် ကွင်းလယ်လူ ဂျက်ဝီရှိုင်းယားကို အက်စ်တွန်ဗီလာ အသင်း ခေါ်ယူလို


အက်စ်တွန်ဗီလာ အသင်းဟာ အာဆင်နယ် အသင်း ကွင်းလယ်လူ ဂျက်ဝီရှိုင်းယားကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အဆိုပါ ကစားသမား ဖြစ်သူဟာ ယခုရာသီကုန်မှာ အာဆင်နယ် အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်သလို ယခုနွေရာသီ အပြောင်းအရွှေ့မှာလည်း ထွက်ခွာခွင့် ရှိထားသူ ဖြစ်ပါတယ်။

ယခုနွေရာသီမှာ ချဲလ်ဆီး ၀ါရင့်ခံစစ်မှူး ဂျွန်တယ်ရီကို ခေါ်ယူထားခဲ့တဲ့ အက်စ်တွန်ဗီလာ အသင်း နည်းပြ စတိဗ်ဘရုစ် အနေနဲ့ နောက်ထပ် အဓိက အားဖြည့် ခေါ်ယူမှု အဖြစ် အင်္ဂလန် ကွင်းလယ်လူ ၀ီရှိုင်းယားကို မျက်စိကျနေတာလည်း ဖြစ်ပါတယ်။ အာဆင်နယ် အသင်း ကွင်းလယ်လူ ဂျက်ဝီရှိုင်းယားဟာ ပြီးခဲ့တဲ့ ရာသီကလည်း ဘုန်းမောက် အသင်းမှာ သွားရောက် အဌားကစားခဲ့သူ ဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment