Powered by Blogger.

ပြောင်းရွေ့ ကြေး ပေါင် ၁ဘီလီယံကျော်သုံးစွဲထား တဲ့ပထမဆုံးနည်းပြအဖြစ် မော်ရင်ဟိုမှတ်တမ်းဝင်



ပေါ်တူဂီသားနည်းပြမော်ရင်ဟိုဟာ သူ့ရဲ့နည်းပြဘ၀ ၁၇ နှစ်အတွင်းမှာအသုံးစားရိတ်ပေါင် ၁ဘီလီယံကျော်လွန်ခဲ့လို့ ဒီပမာဏကိုသုံးတဲ့ပထမဆုံးနည်းပြဖြစ်လာခဲ့ပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့လက လူကာကူကို ပေါင် ၇၅သန်းနဲ့ဝယ်ယူပြီးတဲ့နောက်သူ့ရဲ့အသုံးစားရိတ်က ပေါင် ၁.၁ ဘီလီယံကျော်သွားတာပါ။

သူ့ရဲ့နောက်မှာ လက်ရှိဘိုင်ယန်နည်းပြ အန်ဆလော့တီရှိနေပြီးသူကတော့ နည်းပြသက်တမ်း ၂၂ နှစ်အတွင်းမှာ ပေါင်သန်း ၉၇၀ သုံးထားပြီးဖြစ်ပါတယ်။သက်တမ်းသိပ်မကြာသေးပေမယ့် ငွေသုံးကြမ်းတဲ့သူကတော့ ဂွာဒီယိုလာဖြစ်ပြီး နည်းပြသက်တမ်းက ၉နှစ်လောက်ဘဲရှိသေးပေမယ့် ပေါင်သန်း ၈၆၀အထိသုံးခဲ့ပြီးပါပြီ။အခုတွက်ချက်မှုမှာနှစ်အလိုက် စတာလင်ပေါင်တန်ကြေးအတိုင်းတွက်ထားတာလို့လည်းသိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: bbc

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment