Powered by Blogger.

နေမာရဲ့ နေရာအစားထိုးဖို့ ကစားသမားတစ်ဦးအသည်းသန်ရှာဖွေနေတဲ့ ဘာစီလိုနာ



ဘာစီလိုနာအသင်းဟာ အသင်းရဲ့ အဓိကကစားသမားနေမာကိုပြီးခဲ့တဲ့ အပါတ်ကပီအက်စ်ဂျီအသင်းကို ကမ္ဘာ့ စံချိန်တင်ပြောင်းရွေ့ ကြေးဖြင့်ရောင်းချခဲ့ပြီနောက်နေမာရဲ့ နေရာမှာအစားထိုးဖို့ ကြယ်ပွင့်ကစားသမားတစ်ဦးကိုအပြောင်းရွေ့ မပိတ်သိမ်းမီအလျင်မြန်ရှာဖွေနေတယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ လီဗာပူးအသင်းရဲ့ ကွင်းလယ်ကစားသမားကော်တင်ဟိုကို ပေါင် ၇၂သန်းဖြင့်ကမ်းလှမ်းခဲ့ ပြီးလီဗာပူးအသင်းဟာပယ်ချခဲ့ပါတယ် ။

အခြားကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဒမ်ဘီလီ၊ ဟာဇတ် ၊ဘာပေတို့ ကိုကမ်းလှမ်းခဲ့ပေမယ်ကလပ်အသင်းတွေဘက်က မရောင်းချလိုသောကြောင့် ပြောင်းရွေ့ ကြေးကိုအဆမတန်တောင်းဆိုနေတာကြောင့်ဘာစီလိုနာအသင်းအခက်တွေ့ နေတာဖြစ်ပါတယ် ။

နောက်ထပ်ပစ်မှတ်အနေနဲ့ ဂျူဗီတပ်အသင်းရဲ့ လူငယ်ကစားသမား ဒိုင်ဘာလာကို ထပ်မံကြိုးစားနေတယ်လို့ သိရပါတယ် ။

Mocha

#sport.thithtoolwin.com

Ref: squawka
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment