Powered by Blogger.

ရွန်းနီက မိမိရဲ့ ဂိုးသွင်းစံချိန်ကို မက်စီနဲ့ ရော်နယ်ဒိုမန်ယူရောက်လာမှသာ ချိုးဖြတ်နိုင်မှာဖြစ်ကြောင်း ပြောဆို


မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဝိန်းရွန်နေးက အိုးလ်ထရက်ဖို့ဒ်တွင် ၄င်းတင်ထားခဲ့သော ဂိုးသွင်းစံချိန်ကို မက်ဆီ(သို့မဟုတ်)ရော်နယ်ဒို မန်ယူသို့ ရောက်လာမှသာ ချိုးဖျက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဖွင့်ဟခဲ့သည်။

ရွန်းနီဟာ မန်ယူအသင်းတွင် ရှိစဉ်က ဘော်ဘီချာလ်တန်၏ စံချိန် ဟောင်းကို ၄ ဂိုးအသာ(၂၅၃ ဂိုး)ဖြင့် ချိုးဖျက် ထားနိုင်သူလည်းဖြစ်သည်။ ထို့ကြောင့် အသက် ၃၁ နှစ်အရွယ် ရွန်နေးက မန်ယူမှ ၄င်း၏ဂိုးသွင်းစံချိန်ကို ချိုးဖျက်ရန် အသင်း တွင် ကစားသမားများ ရေရှည်ဆက်နေရန် လိုအပ်သလို အရည်အသွေးရှိ ကစားသမား များ ရောက်လာမှသာ ဖြစ်နိုင်မည်ဟု ယုံကြည်လျက်ရှိသည်။

၎င်း၏ဂိုးသွင်းစံချိန်ကို ကျော် ဖြတ်ခံရမည်လောဟု မေးမြန်းရာတွင် ရွန်နေးက “ခင်ဗျား ဘယ်တော့မှ မသိနိုင်ပါဘူး။ တကယ်လို့ သူတို့အနေနဲ့ မက်ဆီ၊ ဒါမှမဟုတ် ရော်နယ်ဒိုလို အဆင့်အတန်းရှိ ကစားသမားကို ခေါ်နိုင်ခဲ့မယ်ဆိုရင်တော့ ကျွန်တော်ရဲ့ စံချိန် ချိုးဖျက်ခံရနိုင်ပါတယ်။

ဒါပေမဲ့ ကျွန်တော့် အမြင်အရတော့ ဒီနေ့ခေတ်ဘောလုံးသမား တော်တော်များများဟာ အသင်းတစ်သင်းထဲ မှာ ကြာရှည်မနေတတ်ကြဘူး။ ကျွန်တော့်စံချိန်ကို ချိုးဖျက်နိုင်ဖို့ မြင်မိတဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ကျွန်တော်လုပ်ခဲ့သလိုပဲ အသင်းမှာ ကြာရှည်နေတဲ့သူမှ လုပ် နိုင်မှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: squawka
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment