Powered by Blogger.

ယူရို ၂၀၁၇ ချန်ပီယံဆုကို နယ်သာလန် အမျိုးသမီးအသင်း ဆွတ်ခူး


အမျိုးသမီး ယူရို၂၀၁၇ ခုနှစ် ဖိုင်နယ်ပွဲစဉ်အဖြစ် နယ်သာလန်အသင်းနှင့် ဒိန်းမတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နယ်သာလန်အသင်းက ဒိန်းမတ်အသင်းကို (၄-၂) ရလာဒ်ဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးရရှိသွားခဲ့သည်။

နယ်သာလန်အသင်းသည် ဆီမီးဖိုင်နယ်အဆင့်တွင် အင်္ဂလန်အသင်းကို (၃-၀) ရလာဒ်ဖြင့် အနိုင်ယူကျော်ဖြတ်ခဲ့ပြီး ဒိန်းမတ်အသင်းက သြစတြီးယားအသင်းကို ကျော်ဖြတ်ကာ ဖိုင်နယ်သို့ တက်ရောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

ယူရိုပြိုင်ပွဲ၏ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို အင်္ဂလန်ကစားသမား ဂျော့ဒီတေလာက ရရှိသွားခဲ့ပြီး ငွေဖိနပ်ဆုကို နယ်သာလန်တိုက်စစ်မှုး မိုင်ဒင်မ်မာက ဆွတ်ခူးရရှိသွားခဲ့သည်။ တတိယဂိုးသွင်းအများဆုံး ကစားသမားဆုကို နယ်သာလန်ကစားသမား မာတင်ကပင် ဆွတ်ခူးရရှိသွားခဲ့ကြောင်းလည်းသိရသည်။

Mocha

#sport.thithtoolwin.com

Ref: dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment