ဂါရက်ဘေးလ် ကိုပေါင်သန်း၉၀ဖြင့် ခေါ်ယူနိုင်ရန် မော်ရင်ဟိုမျော်လင့်နေ
မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဟိုဆေးမော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့  တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ပေါင်သန်း ၉၀ ထက်လျော့နည်းတဲ့ ဈေးဖြင့်ခေါ်ယူနိုင်မယ်လို့ မျော်လင့်နေကြောင်း စပိန်သတင်းများကဖော်ပြခဲ့ကျပါတယ်။
နည်းပြ ဇီဒန်းဟာ တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ အသင်းကနေ ထွက်ခွာသွားနိုင်ကြောင်း ထုတ်ဖော်ပြောဆိုပြီးနောက်မှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဘေးလ်ကိုခေါ်ယူဖို့  စိတ်ဝင်စားနေတယ်လို့ သတင်းများ ထွက်ပေါ်လာတာဖြစ်ပါတယ်။
စပိန်ကလပ်ဟာ မိုနာကို တိုက်စစ်မှုး ကိုင်လီမက်ပီကို ခေါ်ယူဖို့ ပြင်ဆင်နေတာကြောင့် အပြောင်းစရိတ် ကာမိနေဖို့ ဂါရတ်ဘေးလ်ကို ရောင်းချသွားဖွယ်ရှိကြောင်း ဆိုပါတယ်။
မော်ရင်ဟိုပြီးခဲ့တဲ့ အပတ်တွေက ဘေးလ်ကို အိုးထရစ်ဖို့ တ်ထံခေါ်ယူနိုင်ဖို့  အခြေအနေနဲ့ ပက်သက်ပြီးပြောခဲ့ရာမှာ "ကျွန်တော်ကတော့ ဘေးလ်ဟာ ရီးရဲလ်အသင်းကို မြတ်နိုးတယ်လို့ ထင်ပါတယ်။ အသင်းမှာ စိန်ခေါ်မှုတွေ၊ ခက်ခဲတဲ့အခြေအနေတွေ ရင်ဆိုင်ရတာ သူနှစ်သက်ပါတယ်။ သူဟာ အသင်းမှာ ဆက်ရှိနေဖို့ ကောင်းမွန်တဲ့ အခြေအနေမှာရှိပါတယ်။ သူအသင်းက ထွက်ခွာဖို့  ဆုံးဖြတ်ချက် ချမယ်လို့ ကျွန်တော်တစ်ခါမှ မခံစားမိပါဘူး။ ဒါဆို ဘာကြောင့် သူ့ကို ခေါ်ယူဖို့ အချိန်တွေ အားတွေ အကုန်ခံမှာလဲ" လို့ မော်ရင်ဟိုကဆိုခဲ့တာပါ။
Mocha
#sport.thithtoolwin.com
Ref: daily mail
0 comments :
Post a Comment