Powered by Blogger.

ဥရောပစူပါဖလားပွဲ တတိအကြိမ်ယှဉ်ပြိုင်ကစားရာမှာ ကံကောင်းမှုရရှိရန် မာတာ မျှော်လင့်နေ




မန်ယူအသင်းရဲ့ ကွင်းလယ် ကစားသမား မာတာဟာ ချဲလ်ဆီးအသင်းသားဘ၀တွင် ကစားခဲ့တဲ့ ဥရောပစူပါဖလားပွဲ၌ နှစ်ကြိမ်တိုင်ရှုံးပွဲတွေ့ခဲ့ရပြီးနောက် ယခုအခါ မန်ယူအသင်းနှင့်အတူ ယှဉ်ပြိုင်ရမည့် ဥရောပ စူပါဖလားပွဲ၌ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို အနိုင်ရကာ ဆုဖလားရယူလိုသည်ဟု ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီတွင် ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့ပြီးနောက် သြဂုတ်လ(၈)ရက်နေ့ မက်ဆီဒိုးနီးယားတွင် ချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းနှင့် ယူအီးအက်ဖ်အေစူပါဖလားပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ထို့ကြောင့် ချဲလ်ဆီးနှင့်အတူ အဆိုပါပွဲအား ၂ ကြိမ်တိုင်ကစားခဲ့ဖူးသည့် မာတာက မန်ယူနှင့်အတူ ကစားရမည့် တတိယအကြိမ်မြောက်တွင် ဆုဖလားရယူရန် စိတ်ပိုင်းဖြတ်ထားခြင်းဖြစ်သည်။

ထို့ကြောင့် မာတာက “ ကျွန်တော်တို့ ဥရောပစူပါဖလား ပွဲ ကစားရတော့မှာဖြစ်ပြီး အလားအလာ ကောင်းနေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ ဥရောပစူပါဖလားပွဲကို ၂ ကြိမ် ကစားခွင့်ရခဲ့တဲ့အတွက် ကံကောင်းခဲ့တယ်။ ဒါပေမဲ့ အဲဒီပွဲတွေမှာ ရှုံးခဲ့တာကတော့ ကံမကောင်းပါဘူး။ အခု အင်္ဂါနေ့မှာတော့ မန်ယူအသင်းနဲ့အတူ ရီးရဲလ်ကို အနိုင်ယူပြီး အဲဒီဆုဖလားကို ရအောင် ကြိုးစားသွားမယ်” ဟု ပြောဆိုသွားခဲ့သည်။

Mocha

#sport.thithtoolwin.com

Ref: goal.com

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment