Powered by Blogger.

နေမာရဲ့ ပြောင်းရွေ့ ကြေးဟာ မများဘူးလို့ ဆိုလိုက်တဲ့ မော်ရင်ဟို


နေမာဟာ ပီအက်စ်ဂျီအသင်းကို့ ယူရို ၂၂၂သန်းနှင့် ပြောင်းရွှေ့ တော့မှာ ဖြစ်ပေမယ့် မန်ယူနည်းပြ မော်ရင်ဟိုကတော့  အဆိုပါ ၂၅နှစ်သားရဲ့ ပြောင်းရွှေ့ ကြေးဟာ ဈေးများတယ်လို့ မထင်ကြောင်း ပြောကြားလိုက်ပါတယ်။

"ပြီးခဲ့တဲ့ နှစ်က ကျွန်တော်တို့ ပေါ့ဘာကို ခေါ်ယူခဲ့တုန်းကလည်း ကျွန်တော်တို့ ပေးခဲ့ရတဲ့ကြေးဟာ ဈေးမများဘူးလို့ ကျွန်တော်ပြောခဲ့ပါတယ်။ နေမာဟာ ကမ္ဘာ့ အကောင်းဆုံးတွေ ထဲက တစ်ယောက်ဖြစ်ပြီး သူဆီကနေ မျှော်လင့်လို့ ရတဲ့အရာတွေ များပါတယ်''

"အဲ့တာကြောင့် ပြသနာက နေမာ မဟုတ်သလို သူ့အတွက် ပေါင်၁၉၈သန်း  ဆိုတာလည်း ဈေးမများပါဘူး။ ပြသနာကတော့ နောက်လာမယ့် အကျိုးဆက်တွေပါ၊ ဈေးများတယ်ဆိုတာက နောက်လာမယ့် ကစားသမားတွေရဲ့ ဈေးတွေက ပေါင်သန်း ၅၀ ၊၆၀ ကနေ ၁၀၀ တွေ ဖြစ်သွားတာကိုပဲ'' လို့ မော်ရင်ဟို မှဆိုပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment