Powered by Blogger.

ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ် ချုပ်ဆိုမယ့်  နေမာရဲ့ စာချုပ်တန်ကြေးဟာ ပေါင်သန်း ၄၅၀ခန့် ရှိ


ပီအက်စ်ဂျီအသင်းဟာ ပြောင်းရွေ့ ကြေး ပေါင် ၁၉၈သန်း (ယူရို ၂၂၂သန်း)ဖြင့်သဘောတူညီမူရရှိခဲ့ တဲ့ အဆိုပါဘရာဇီးသားကို အသင်းရဲ့ ပရိတ်သတ်များကို လာမယ့်ရက်ပိုင်းအတွင်းဆေးစစ်မူပြုလုပ်ပြီးကြေငြာမှာဖြစ်တယ်လို့ သိရပါတယ်။

အသက်၂၅နှစ်အရွယ်ရှိတဲ့ ဘရာဇီးသားဟာပီအက်စ်ဂျီအသင်းနဲ့ ၅နှစ်စာချုပ်ဖြင့် သဘောတူညီမူရရှိခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းဟာနေမာကိုအခွန်ငွေပေါင် ၄၅သန်းပါပေးဆောင်ပေးမှာဖြစ်ပြီးတပါတ်လုပ်ခလစာ ပေါင် ၅၉၆၀၀၀ခန့် ပေးမှာဖြစ်တယ်လို့  ပြင်သစ်သတင်းတွေနဲ့ စပိန်သတင်းဌာနတွေကဖော်ပြခဲ့ကျပါတယ်။

ပီအက်ဂျီအသင်းနဲ့ စာချုပ်ဆိုမယ့်နေမာရဲ့ စာချုပ်တန်ကြေးဟာ ပြောင်းရွေ့ ကြေး ပေါင် ၁၉၈သန်းအပါဝင် သူရဲ့ ငါးနှစ်လုပ်ခလစာ ၊အခွန်ပေးဆောင်ပြီး ၊စာချုပ်ဖျက်သိမ်းကြေး စုစုပေါင်း ပေါင်သန်း ၄၅၀ခန့် တန်ကြေးရှိတယ်လို့ သိရပါတယ် ။

Mocha

#sport.thithtoolwin.com

Ref:goal.com

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment