Powered by Blogger.

ပရီးမီးယားလိဂ်သမိုင်းမှာ ငွေသုံးအများဆုံး အသင်းကချဲလ်ဆီးဖြစ်



၁၉၉၂-၉၃ ဘောလုံးရာသီကစတင်ခဲ့တဲ့ပရီးမီးယားလိဂ်ပြိုင်ပွဲဟာအခုဆိုရင် ၂၅ ရာသီမြောက်ထဲရောက်လာခဲ့ပါပြီ။ပြီးခဲ့တဲ့ ၂၄ ရာသီအတွင်းမှာ ငွေသုံးအများဆုံးနဲ့ အနည်းဆုံးအသင်းတွေကိုMyVoucherCodes.co.ukကထုတ်ပြန်ခဲ့ရာမှာ ငွေအများဆုံးသုံးခဲ့တာက ချဲလ်ဆီးဖြစ်ပြီး အနည်းဆုံးက အစ်ဆွစ်ခ်ျဖြစ်တယ်လို့သိရပါတယ်။

ချဲလ်ဆီးရဲ့အသုံးစားရိတ်ဟာ ပေါင် ၁.၇ ဘီလီယံကျော်ခဲ့ပြီး အစ်ဆွစ်ခ်ျကတော့ ပေါင် ၄၂.၃ သန်းသာသုံးစွဲခဲ့တာဖြစ်ပါတယ်။ငွေသုံးအများဆုံးထိပ်ဆုံး ၅ သင်းထဲမှာချဲလ်ဆီးပြီးရင် မန်စီးတီးက ပေါင် ၁.၅ ဘီလီယံ။

မန်ယူအသင်းကကပေါင် ၁.၃ ဘီလီယံ၊လီဗာပူးကပေါင် ၁.၂၈ ဘီလီယံနဲ့စပါးက ပေါင် ၁.၀၆ဘီလီယံသုံးစွဲခဲ့ကြပါတယ်။အာဆင်နယ်ကတော့ အဆင့် ၆ မှာရှိနေပြီး ပေါင် ၈၃၂ သန်းနီးပါးသုံးစွဲခဲ့တာပါ။အသင်းတွေရဲ့သုံးစွဲတဲ့ပမာဏကိုဖော်ပြထားပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment