Powered by Blogger.

ဥရောပစူပါဖလား ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သည့် ရီးရဲလ်မက်ဒရစ်



၂၀၁၇ ဥရောပစူပါဖလားပွဲကို ချန်ပီယံလိဂ် ချန်ပီယံ ရီးယဲလ်မက်ဒရစ် အသင်းနှင့် ယူရိုပါလိဂ် ချန်ပီယံ မန်ယူအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းက အနိုင်ရဗိုလ်စွဲခဲ့ပြီး ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပါတယ် ။

မက်ဆီဒိုးနီးယားနိုင်ငံ၊ Skopje မြို့ရှိ  Philip II Arena ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းပွဲတွင် ရီးယဲလ်မက်ဒရစ်အသင်းက မန်ယူအသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပါတယ် ။

ရီးယဲလ်မက်ဒရစ်အသင်းအတွက် ဂိုးများကို ကက်စ်မဲရိုးနှင့် အစ္စကိုတို့က ပွဲချိန်(၂၄)မိနစ်နှင့် (၅၂)မိနစ်တို့တွင် သွင်းယူပေးခဲ့ပြီး မန်ယူအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို လူကာကူက (၆၂)မိနစ်တွင် သွင်းယူပေးခဲ့နိုင်ခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ဥရောပစူပါဖလားတွင် (၄)ကြိမ်မြောက် ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲတွင် အများဆုံး ဗိုလ်စွဲထားသည့် ဘာစီလိုနာနှင့် အေစီမီလန်တို့ကို လိုက်မီရန် တစ်ကြိမ်သာ လိုအပ်တော့သည်။ ထို့ပြင် ဥရောပစူပါဖလားတွင် နောက်ဆုံး(၅)နှစ်ဆက် ချန်ပီယံလိဂ် ချန်ပီယံများသာ ဗိုလ်စွဲခြင်းဖြစ်ကြောင်းသိရပါတယ်

Mocha

#sport.thithtoolwin.com

Ref: daily maill

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment