Powered by Blogger.

ပေါင် သန်း၉၀နဲ့ ဒမ်ဘီလီကို ခေါ်ယူရန် ဘာစီလိုနာ သဘောတူညီမှု ရရှိကြောင်း သတင်းထွက်နေ



ဘာစီလိုနာ အသင်းဟာ ဒေါ့မွန် အသင်း တိုက်စစ် ကစားသမား ဖြစ်သူ ဒမ်ဘီလီကို ခေါ်ယူဖို့ အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၉၀ နဲ့ သဘောတူညီမှု ရရှိကြောင်း စပိန်မီဒီယာများက ဖော်ပြပါတယ်။ Diario Sport မှ အဆိုအရ အဆိုပါ ကစားသမား အတွက်ကို ကလပ်အသင်း နှစ်သင်း အနေနဲ့ ကနဦး ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ နဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပြီး ခြေစွမ်းအပေါ် မူတည်ပြီး နောက်ထပ် ပေါင် သန်း ၃၀ ပေးဖို့ အတွက်လည်း ဆွေးနွေးနေတာ ဖြစ်ပါတယ်။

 PSG အသင်းကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်းနဲ့ ထွက်ခွာသွားခဲ့တဲ့ ဘရာဇီး တိုက်စစ်မှူး နေမာရဲ့ နေရာ အတွက် အစားထိုးဖို့ လိုအပ်နေတဲ့ ဘာစီလိုနာ အသင်းဟာ ဒမ်ဘီလီ အပါအ၀င် ကစားသမားကောင်း အတော်များများကို မျက်စိကျနေတာပါ။ ပြင်သစ် ကစားသမား ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ ရာသီက ဒေါ့မွန် အသင်း အတွက် ၁၀ ဂိုး အထိ သွင်းယူကာ ၂၇ ကြိမ် ဖန်တီးပေးထားနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment