Powered by Blogger.

ရီးရဲလ်အသင်းနဲ့  ပွဲစဉ်မှာညာဘက်ဒူးဒဏ်ရာရရှိသွားတဲ့  လူးဝစ်ဆွာရက်



ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မူးလူးဝစ်ဆွာရက်ဟာယနေ့ မနတ်ကယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပွဲစဉ်မှာညာဘက်ဒူးဒဏ်ရာရရှိသွားခဲ့တယ်လို့ ဘာစီလိုနာအသင်းကအတည်ပြုထုတ်ပြန်လိုက်ပါတယ်။

ဆွာရက်ဟာ ဘာစီလိုနာအသင်းရဲ့ လာလီဂါအဖွင့်ပွဲစဉ်ဖြစ်တဲ့ ရီးရဲလ်ဘက်တစ်နဲ့ ပွဲစဉ်ကိုလွဲချော်မှာဖြစ်တယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာမဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၅:၁ ဖြင့်ပထမအကျော့မှာ ၁:၃၊ဒုတိယအကျော့မှာ အဆန်ဆီရို၊ဘန်ဇီမာတို့ ရဲ့ ဂိုးတွေနဲ့ ၂ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီ စပိန်စူပါဖလားမှာအရေးနိမ့်ခဲ့ရပါတယ်။

ဘာကာအသင်းဟာနေမာထွက်သွားပြီးတဲ့ နောက်ပိုင်းအသင်းရဲ့ တိုက်စစ်ပိုင်းကဂိုးရဖို့ရုန်းကန်နေရပြီး မက်ဆီနဲ့ ဆွာရက်တို့အချိတ်အဆတ်မမိဖြစ်နေတာကိုတွေ့ ရပါတယ်။

ဘာစီလိုနာအသင်းရဲ့ နည်းပြသစ်ဗယ်ဗာဒီဟာ ဖိအားတွေနဲ့ ကြုံတွေ့ နေရပြီးကလပ်အသင်းကိုလီဗာပူးအသင်းကွင်းလယ်ကစားသမားကော်တင်ဟိုနဲ့ ဒေါမွန်လူငယ်ကစားသမား ဒမ်ဘီလီတို့ကိုအရခေါ်ယူပေးဖို့ တောင်းဆိုထားတယ်လို့သိရပါတယ်။

Mocha

#Sport.thithtoolwin.com

Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment