Powered by Blogger.

အပြောင်းအရွှေ့ ဈေးကွက် ပိတ်သိမ်းမယ့်ရက် ပြောင်းလဲဖို့ ကလပ်အသင်းများ ဆွေးနွေးနေ



ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ လာမယ့် ဘောလုံးရာသီကနေ စတင်လို့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ကာလ ကုန်ဆုံးမယ့် အချိန်ကို ပြောင်းလဲဖို့ အတွက် ဆွေးနွေးနေကြောင်း သိရပါတယ်။ ပရီးမီး ယားလိဂ် အပါအ၀င် ဥရောပ ပြည်တွင်းလိဂ် အတော်များများဟာ နွေရာသီ ဈေးကွက်ကို သြဂုတ်လ ၃၁ ရက်နေ့မှာ ပုံမှန်  ပိတ်သိမ်းတာ ဖြစ်ပြီး ကာလအားဖြင့် ကြည့်ရင်တော့ ပရီးမီးယားလိဂ် ရာသီ စတင်ပြီး ၃ ပတ်အကြာမှာ ဖြစ်ပါတယ်။ ယင်းနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၇ ရက်နေ့ကျမှသာ ပိတ်ဖို့ အတွက်ကို အများက မျှော်လင့်နေကြပြီး ယင်းအတွက်ကို မဲပေးစနစ်နဲ့ ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

 လီဗာပူးလ် အသင်း နည်းပြ ဂျာဂင်ကလော့ပ်နဲ့ ဆွမ်ဆီး အသင်း နည်းပြ ပေါလ်ကလီမန် အပါအ၀င် ကလပ်အသင်း နည်းပြ အတော်များများဟာ နွေဈေးကွက်ရဲ့ ကုန်ဆုံးမယ့်ရက်ကို ပြောင်းလဲဖို့ အတွက် ဆန္ဒရှိနေကြတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာရဲ့ ဖော်ပြချက်မှာတော့ အပြောင်းအရွှေ့ ဈေးကွက်ကို အလွန်ဆုံး စက်တင်ဘာလ ၁ ရက်နေ့မှာသာ ပိတ်သိမ်းသင့်ကြောင်း ဆိုထားပါတယ်။

ဒီရာသီမှာတော့ ဆောက်သမ်တန် အသင်း နောက်ခံလူ ဗန်ဒိုက်ခ်ျ၊ ဆွမ်ဆီး ကွင်းလယ်လူ ဆီဂတ်ဆန်နဲ့ အဲဗာတန် ကွင်းလယ်လူ ဘာကလေ အပါအ၀င် နာမည်ကြီး ကစားသမား အတော်များများရဲ့ အပြောင်းအရွှေ့တွေဟာ ဖြစ်မြောက်ဖို့ အတွက်ကို ကြန့်ကြာ နေပါတယ်။ အဆိုပါ ကစားသမားတွေဟာလည်း ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွေမှာ ပါဝင်ခဲ့ခြင်း မရှိသေးပါဘူး။


နွေရာသီ အပြောင်းအရွှေ့ ပြောင်းလဲလိုတဲ့ အဆိုပြုချက်မှာတော့ ပရီးမီးယားလိဂ် ကလပ် အသင်းတွေဟာ ဘောလုံးရာသီ စပြီ ဆိုတာနဲ့ ကစားသမားတွေ ထပ်ပြီး ခေါ်ယူခွင့် ရရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျန်တဲ့ ဥရောပ ပြည်တွင်းလိဂ်က ကလပ်အသင်းတွေကတော့ သူတို့ရဲ့ သတ်မှတ် အပြောင်းအရွှေ့ နောက်ဆုံးရက်တွေ အတိုင်း ကစားသမားတွေကို ထပ်ပြီး အားဖြည့်ခွင့် ရဖွယ်ရှိနေပါတယ်။ နွေရာသီ အပြောင်းအရွှေ့ ပြောင်းလဲလိုတဲ့ အဆိုပြုချက်ဟာ ဆောင်းရာသီ ဇန်န၀ါရီ ဈေးကွက်ကို ထိခိုက်စေမှာ မဟုတ်ပါဘူး

Mocha

#sport.thithtoolwin.com

Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment