Powered by Blogger.

ဆန်းချက်ဇ်နဲ့ ဒီယေဂိုကော်စတာကို နှိုင်းယှဉ်ပြောဆိုက်တဲ့ အာစင်ဝင်းဂါး



 ကွန်တီဟာ ယခုရာသီ မစတင်မီ လာမယ့် အနာဂတ်မှာ ကော်စတာကို အသင်း အတွက် အသုံးပြုတော့မှာ မဟုတ်ကြောင်း ကာယကံရှင် ကစားသမား ဖြစ်သူထံကို ဖုန်းဖြင့် စာပို့ ဆက်သွယ်ခဲ့တာက စလို့ ယခုလို ပြဿနာတွေ ဆက်တိုက် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ွက် မျှော်လင့်ကြောင်း အဆိုပါ နည်းပြ ဖြစ်သူက ဆိုပါတယ်။ ဆန်းချက်ဇ်ဟာ အာဆင်နယ် အသင်းနဲ့ စာချုပ်ကုန်ဆုံးဖို့ နီးစပ်နေပြီး ယခုရာသီကုန်သည်အထိ စာချုပ်သစ် မချုပ်ဆိုနိုင်ခဲ့ပါက အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရတော့မှာ ဖြစ်နေပါတယ်။

 ချဲလ်ဆီး အသင်း တိုက်စစ်မှူး ဒီယေဂို ကော်စတာဟာလည်း အသင်း နည်းပြ ကွန်တီနဲ့ အဆင်မပြေ ဖြစ်ပြီး ဘရာဇီးနိုင်ငံမှာ ရောက်နေပါတယ်။ ယင်းအခြေအနေ နှစ်ခုမှာ လုံးဝကို ကွဲပြားနေတာ ဖြစ်တယ်လို့ အာဆင်နယ် အသင်း နည်းပြ ၀င်းဂါးက ဆိုပါတယ်။ အာဆင်နယ် အသင်း နည်းပြ ၀င်းဂါးက ပြောကြားခဲ့ရာမှာတော့ ဆန်းချက်ဇ်ကတော့ ဆက်နေမှာပါ။ ချဲလ်ဆီး အသင်းရဲ့ မပြေလည်တဲ့ ပြဿနာတွေကို ကျွန်တော့်မှာတော့ အသင်း အတွက် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။

 ဒီအနေအထားဟာ ဒီယေဂိုစတာ လက်ရှိ ဖြစ်နေတာနဲ့ ပုံစံချင်းတူတယ်လို့ ပြောနေကြပေမယ့် ဒါဟာ သိပ်ကို ကွဲပြားပါတယ်။ ကျွန်တော်တို့က ဆန်းချက်ဇ်ကို အသင်းမှာ အမြဲတမ်း ဆက်လက် ရှိနေစေချင်ခဲ့ပါတယ်။ သူရယ်မှ မဟုတ်ပါဘူး။ အသင်းမှာ ရှိတဲ့ အိုဇေးလ်နဲ့ ချိန်ဘာလိန်းတို့လို ကစားသမားတွေလည်း စာချုပ်တွေ ဆက်ပြီး ချုပ်ဆိုသွားမှာပါလို့ ဆိုပါတယ်။

Mocha

#sport.thithtoolwin.com

Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment