Powered by Blogger.

ကွန်တီအခက်တွေ့ နေတဲ့ ကော်စတာရဲ့ အရေးတော်ပုံ


ချဲလ်ဆီး အသင်း တိုက်စစ်မှူး ဒီယေဂိုကော်စတာကို အသင်းကနေ ရောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အသင်း နည်းပြ ကွန်တီရဲ့ ဆုံးဖြတ်ချက်ဟာ အသင်းမှာ ရှိတဲ့ အခြားကစားသမားတွေနဲ့ သူ့အကြားက ထားရှိတဲ့ ယုံကြည်မှုတွေ ပျက်စီးမယ့် ကိန်းဆိုက်နေကြောင်း သိရပါတယ်။ တိုက်စစ်မှူး ဒီယေဂိုကော်စတာဟာ အသင်း အ၀တ်လဲခန်း အတွင်းမှာ လူချစ်လူခင်များတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး အသင်းဖော်တွေ ဖြစ်တဲ့ ၀ီလျံ၊ ဒေးဗစ်လူးဝစ်ဇ်နဲ့ ဖာဘရီဂတ်စ်တို့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေလည်း ဖြစ်ပါတယ်။ ေ

က်ာစတာ ကိစ္စ ဖြစ်ပြီးနောက် အသင်းမှာ ရှိတဲ့ ကျန်ကစားသမားတွေဟာ ၎င်းတို့ အနေနဲ့လည်း နည်းပြ ကွန်တီရဲ့ အသင်းကနေ ဖယ်ရှား ခံရမှာကို ကြောက်ရွံလာခဲ့ကြောင်း သိရပါတယ်။ ကော်စတာဟာ လက်ရှိမှာ ချဲလ်ဆီး အသင်းနဲ့ တစ်ပတ် ပေါင် ၁ သိန်း ၈ သောင်းတန် ၂ နှစ် စာချုပ် ကျန်ရှိနေတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ယခုအချိန်မှာတော့ ဘရာဇီး နိုင်ငံမှာ ရောက်နေပါတယ်။

ချဲလ်ဆီး အသင်းကတော့ ဒီကစားသမားကို လန်ဒန်ကို ပြန်လာဖို့နဲ့ အသင်း အတွက် လေ့ကျင့်မှုတွေ အမြန်ဆုံး ပြုလုပ်ဖို့ သတင်းထုတ်ပြန်ထားပါတယ်။ ကွန်တီဟာ ယခုရာသီ မစတင်မီ လာမယ့် အနာဂတ်မှာ ကော်စတာကို အသင်း အတွက် အသုံးပြုတော့မှာ မဟုတ်ကြောင်း ကာယကံရှင် ကစားသမား ဖြစ်သူထံကို ဖုန်းဖြင့် စာပို့ ဆက်သွယ်ခဲ့တာက စလို့ ယခုလို ပြဿနာတွေ ဆက်တိုက် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။


Mocha
#spiort.thithtoolwin.com

Ref: mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment