Powered by Blogger.

လူကာကူနဲ့ မာတစ်တို့ ရဲ့ ခြေစွမ်းကိုအားရနေတဲ့ မော်ရင်ဟို



မနေ့ ညကမန်ယူအသင်းဟာဝက်စ်ဟမ်းကို ၄-၀ နဲ့နိုင်ခဲ့တဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ လူကာကူနဲ့မာတစ်တို့ဟာ အသင်းရဲ့ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့စိန်ခေါ်မှုမှာကွဲပြားခြားနားတာတွေကိုစွမ်းဆောင်ပြနိုင်စွမ်းရှိမယ်လို့နည်းပြမော်ရင်ဟိုကချီးကျုးပြောဆိုလိုက်ပါတယ်။ဒီပွဲမှာလူကာကူ ကခြေစွမ်းပြပြီး ၂ ဂိုးသွင်းခဲ့သလို မာတစ်ကလည်းကွင်းလယ်မှာခြေစွမ်းပြနိုင်ခဲ့လို့ ပွဲစဉ်အလိုက်အကောင်းဆုံးဆု Man of the Match ကိုရရှိခဲ့တာပါ။

မော်ရင်ဟိုက“လူကာကူဟာစူပါဖလားမှာလည်းဂိုးသွင်းခဲ့သလို ဒီကနေ့ပွဲမှာလည်းဂိုးသွင်းခဲ့ပါတယ်။ကစားသမားသစ်တွေအားလုံးပွဲဦးထွက်ဂိုးသွင်းတာဟာ သူတို့အတွက်အောက်ဆီဂျင်ရလိုက်သလိုပါပဲ။ တကယ့်ကိုကြိုးစားတဲ့သူဖြစ်ပြီး အသင်းကိုသူနှစ်သက်သလို အသင်းကလည်းသူ့ကိုနှစ်သက်ပါတယ်”လို့ပြောသွားပါတယ်။

ဒါ့အပြင်မော်ရင်ဟိုက မာတစ်ကိုချဲလ်ဆီးကရောင်းခဲ့တာကိုလည်းအံသြမိတယ်လို့ပြောပါသေးတယ်။ သူမန်ယူနည်းပြစဖြစ်တုန်းက မာတစ်ကိုလိုချင်ခဲ့ပေမယ့် ချဲလ်ဆီးကရောင်းမယ်မထင်လို့မခေါ်ခဲ့ကြောင်း၊ဒီနှစ်နွေမှာ မာတစ်က မော်ရင်ဟိုအတွက်ကစားပေးချင်နေတယ်လို့သိရတာကြောင့် ကမ်းလှမ်းခဲ့ရာမှာ ရရှိခဲ့ကြောင်း၊ ချဲလ်ဆီးဘက်ကရောင်းချလိုက်တဲ့အပေါ်အံသြခဲ့ရကြောင်း ပြောသွားပါတယ်။မာတစ်ဟာ မန်ယူကွင်းလယ်မှာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ပြိုင်ဘက်တိုက်စစ်တွေကိုအကောင်းဆုံးဟန့်တားနိုင်ခဲ့ရုံမက သူ့ကြောင့် မန်ယူကွင်းလယ်တည်ငြိမ်သွားခဲ့လို့ ရွိုင်ကိန်းလက်သစ်လို့တောင်တင်စားခံနေရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment