Powered by Blogger.

ဗီလာရီးရဲလ်နောက်ခံလူ မူဆာချီယိုကို ယူရို ၁၈ သန်းနဲ့ ခေါ်ယူလိုက်တဲ့ အေစီမီလန်


အေစီမီလန်အသင်းဟာ သူတို့ရဲ့ နွေအပြောင်းအရွှေ့ပထမဆုံးလှုပ်ရှားမှုအဖြစ် စပိန်ကလပ် ဗီလာရီးရဲလ်အသင်းရဲ့ ဗဟိုနောက်ခံလူ မတ်တီယိုမူဆာချီယို ကို ယူရို ၁၈ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အရင်အပတ်တည်းက မီလန်မှာ ဆေးစစ်မှုခံယူခဲ့တဲ့ မူဆာချီယိုဟာ အေစီမီလန်အသင်းနဲ့ လေးနှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။

ကစားသမားဘဝမှာ ပွဲ ၂၀၀ ကျော်ကစားထားပေးခဲ့မူဆာချီယိုကိုတော့ ၂၀၀၉ ခုနှစ်မှာ ရေးဗားပလိတ်အသင်းကနေ ဗီလာရီးရဲလ်အသင်းက ခေါ်ယူခဲ့တာပါ။ အသက် ၂၆ နှစ်အရွယ်ကစားသမားကတော့ သူ့ရဲ့ ကစားသမားဘဝလက်ကျန်ကို စီးရီးအေမှာပဲ ကုန်ဆုံးသွားဖွယ်ရှိနေပါတယ်။



ယူရိုပါလိဂ်ဝင်ခွင့်ရ အေစီမီလန်အသင်းဟာ အသင်းရဲ့ လူစာရင်းကို အတောင့်တင်းဆုံးဖြစ်အောင် ပြန်လည်ပြုပြင်သွားဖို့ ကြိုးစားလျက်ရှိနေတာပါ။ အေစီဟာ မူဆာချီယိုကို ခေါ်ယူပြီးတဲ့နောက်မှာတော့ အတ္တလန်တာအသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမား ဖရန့်ခ်ကက်ဆီကို ခေါ်ယူဖို့ နီးစပ်နေပြီး ဒီတစ်ပတ်အတွင်း အေစီမီလန်အသင်းမှာ ဆေးစစ်မှုခံယူဖွယ်ရှိနေပါတယ်။ ကက်ဆီကိုတော့ ချယ်လ်ဆီးအသင်းက စိတ်ဝင်စားခဲ့ပေမယ့်လည်း အေစီက လက်ဦးမှုရယူထားနိုင်ခဲ့တာပါ။

အေစီမီလန်အသင်းဟာ အပြောင်းအရွှေ့အတွင်းမှာ ခပ်သွက်သွက်လှုပ်ရှားမှုတွေနဲ့အတူ ရီးရဲလ်တိုက်စစ်မှူး မိုရာတာကိုလည်း ခေါ်ယူဖို့ အတော်လေးနီးစပ်လျက်ရှိနေတာပါ။ အေစီမီလန်အသင်းအနေနဲ့ လာမယ့်ရာသီမှာ ဥရောပရဲ့ ကြောက်စရာအကောင်းဆုံးအသင်းစာရင်းကို ပြန်လည်ဝင်ရောက်လာမလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။


Mocha

#sports.thithtoolwin.com

Ref : Goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment