Powered by Blogger.

ကာရက်စ်ကို ကိုတရုတ်စူပါလိဂ်အသင်းသို့ ရောင်းချလိုက်တဲ့ အက်သလက်တီကိုမက်ဒရစါ


စပိန်ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ အက်သလက်တီကိုအသင်းဟာ တောင်ပံကစားသမားကာရက်စ်ကို ကိုတရုတ်စူပါလိဂ်ကတန်းတက်အသင်းဖြစ်တဲ့ ဒါလီယန်ယီဖန်းအသင်းဆီကိုရောင်းချလိုက်ပြီလို့သိရပါတယ်။

အသက် ၂၄ နှစ်သာရှိသေးတဲ့ ဘယ်လ်ဂျီယံလက်ရွေးစင် ကာရက်စ်ကို ကိုအာဆင်နယ်အသင်းကခေါ်ဖို့စိတ်ဝင်စားခဲ့ပါသေးတယ်။သူဟာ ယီဖန်းအသင်းမှာတစ်နှစ်လစာပေါင် ၈.၈ သန်းရရှိမယ်လို့လည်းသိရပါတယ်။

တရုတ်စူပါလိဂ်ကဈေးကွက်ဖွင့်ချိန်ဖြစ်နေတဲ့အတွက် အက်သလက်တီကိုဟာတိုက်စစ်မှူးတောရက်စ်ကိုလည်းတရုတ်ကလပ်တစ်ခုဆီရောင်းလိမ့်မယ်လို့သတင်းတွေထွက်နေပါတယ်။

Mocha

#sport.thithtoolwin.com

Ref:marca

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment