Powered by Blogger.

ရော်နယ်ဒိုရဲ့ လူမှုကွန်ရက်စာမျက်နှာတွေက စုစုပေါင်း follower သန်း ၂၀၀ ပြည့်မြောက်

Image result for cr7 instagram

ရီးရဲလ်အသင်းရဲ့ ပေါ်တူဂီကစားသမား Ronaldo (ရော်နယ်ဒို)ဟာဆိုရင်တော့ သူ့ရဲ့ Facebook , Instagram နဲ့ Twitter စာမျက်နှာတွေက စုစုပေါင်း follower အရေအတွက်ဟာ သန်း ၂၀၀ အထိရောက်ရှိလာခဲ့ပြီး အားကစားသမားတစ်ယောက်အတွက်တော့ လူမှုရေးနယ်ပယ်ဘက်မှာလည်း အတော်လေးကို အောင်မြင်နေတယ်ဆိုတဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။ အားကစားသမားတွေကြားထဲမှာ follower အများဆုံးအဖြစ်လည်း ပြတ်ပြတ်သားသားရပ်တည်နိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ Facebook စာမျက်နှာမှာ follower ၁၀၉.၇ သန်း ၊ Instagram မှာ ၄၉.၆ သန်းနဲ့ တွစ်တာမှာတော့ ၄၀.၇ သန်းဆိုပြီး အသီးသီးရှိပါတယ်။ ဒီလိုစစ်တမ်းကိုတော့ ကျော်ကြားသူတွေရဲ့ လူမှုကွန်ရက်လှုပ်ရှားမှုစာရင်းကို စောင့်ကြည့်နေတဲ့ Hookit က ဖော်ထုတ်ပြသခဲ့တာလည်း ဖြစ်ပါတယ်။



ရော်နယ်ဒိုရဲ့ အခုလို follower အရေအတွက်ဟာဆိုရင်တော့ နာမည်ကျော်ဘက်စကတ်ဘောကစားသမားတွေဖြစ်ကြတဲ့ ကိုဘီဘရိုင်ယန် ၊ မိုက်ကယ်ဂျော်ဒန် ၊ လီဘရွန်ဂျိမ်းစ် ၊ ကီဗင်ဒူးရန့်နဲ့ စတက်ဖ်ကာရီတို့ ငါးယောက်ပေါင်းထားတဲ့ follower အရေအတွက် ၁၈၂ သန်းထက်တောင် ပိုလို့နေတာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီနေရာမှာတော့ အဓိက ပြိုင်ဘက် မက်ဆီကိုကျော်ဖြတ်ထားနိုင်ခဲ့ပြီး စုစုပေါင်း follower သန်း ၁၂၀ ထက် သာလွန်နေတာဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီဟာ တွစ်တာအကောင့်ကို ဖွင့်လှစ်အသုံးပြုခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ်အတွင်းက လူမှုကွန်ရက်မှာ လှုပ်ရှားမှုများခဲ့ပြီး follower လည်း ၄၁ သန်းကျော်ထပ်တိုးလာခဲ့ပါတယ်။

ဒီလိုမှတ်တမ်းတွေကြောင့် ရော်နယ်ဒိုကို  follow ပြုလုပ်သူဟာ တစ်နေ့ကို ၁၃၅၀၀၀ ပျမ်းမျှတိုးတက်လျက်ရှိနေတယ်လို့ သိရပါတယ်။

Mocha


#sports.thithtoolwin.com

Ref : Goal


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment