Powered by Blogger.

ရော်နယ်ဒိုရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေရှိခဲ့ပေမယ့်လည်း အသင်းသားတွေ စိတ်ဝမ်းမကွဲဘူးလို့ ဇီဒန်းပြော



ရီးရဲလ်မက်ဒရစ်အသင်းက အက်သလက်တီကိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ အသင်းသားတွေပေါ်ဝေဖန်ပြောကြားမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ “ကျွန်တော်တို့အသင်းက ကစားသမားတွေအကုန်လုံး ကျွန်တော့်လောက်သာ အဆင့်မြင့်မြင့်ကစားနိုင်ရင် အသင်းက ထိပ်ဆုံးမှာရောက်နေမှာပေါ့” လို့ ရော်နယ်ဒိုက ပြောခဲ့တာပါ။

အဲ့နောက်မှာတော့ ရော်နယ်ဒိုက အသင်းသားတွေကို ပြန်တောင်းပန်ခဲ့ပြီး ပုံမှန်အခြေအနေကို ပြန်ရောက်ရှိသွားခဲ့တာကြောင့် ဇီဒန်းက သူတို့အသင်းမှာ စိတ်ဝမ်းကွဲမှုတွေ ရှိမနေဘူးလို့ ပြောကြားလိုက်တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ရော်နယ်ဒိုရဲ့ ဂိုးတွေနဲ့အတူ လီဗန်တေးအသင်းကို သုံးဂိုးတစ်ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့ပြီးတဲ့နောက်မှာ အသင်းမှာ စိတ်ဝမ်းကွဲမှုတွေ ရှိမနေဘူးလို့လည်း သက်သေပြခဲ့သလိုဖြစ်ခဲ့ပါတယ်။

ရော်နယ်ဒို ပြန်တောင်းပန်ခဲ့တဲ့ စကားထဲမှာတော့“ကျွန်တော် ဘယ်သူ့ကိုမှ မလေးမစားလုပ်တာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း တချို့ကစားသမားတွေက အနိုင်ရအောင် ကြိုးစားပြီး မကစားကြဘူး။ ကျွန်တော်ကတော့ ဘန်ဇီမာ ၊ ဘေးလ် ၊ မာဆယ်လိုစတဲ့ ကစားသမားတွေနဲ့ ကစားရတာကို ကြိုက်တယ်။ ဒါပေမယ့်လည်း ဗက်စ်ကေး ၊ ဟယ်ဆေးနဲ့ ကိုဗာချစ်တို့ကိုလည်း ကစားသမားကောင်းတွေ မဟုတ်ဘူးလို့ မပြောပါဘူး။ သူတို့ကလည်း မတူညီတဲ့ ကစားသမားကောင်းတွေပါ” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မာကာသတင်းစာကိုလည်း ရော်နယ်ဒိုက “ကျွန်တော့်လို အဆင့်မြင့်မြင့်ဆိုတာက ရုပ်ပိုင်းဆိုင်ရာကို ပြောတာပါ။ ကစားနှုန်းကို ပြောတာမဟုတ်ပါဘူး။ ကျွန်တော်က အသင်းသားတွေထဲက ဘယ်သူ့ထက်မှ ကောင်းမနေပါဘူး” လို့ ပြောခဲ့ပါသေးတယ်။

ဒါ့ကြောင့် ရီးရဲလ်နည်းပြဇီဒန်းက “ခရစ္စတီယာနိုက ကျွန်တော်အပါအဝင် အားလုံးကို စကားပြောခဲ့ပြီးပါပြီ။ ဒီအကြောင်းအရာတွေ အားလုံးက အတိတ်မှာကျန်ခဲ့ပါပြီ။ ကျွန်တော်တို့လည်း သူ(ရော်နယ်ဒို) ဘယ်လောက်အရေးပါလဲဆိုတာ သိပါတယ်။ ကျွန်တော်တို့ အားလုံးက သူ့ဘက်ကရှိနေပါတယ်။ ကျွန်တော်တို့ ပွဲမစခင်မှာ ဘာလုပ်ရမလဲဆိုတာကို သိရှိပြီး ကျွန်တော်တို့ အကောင်းဆုံး  ဖြတ်ကျော်သွားနိုင်မှာပါ” လို့ ဇီဒန်းက ပြောပါတယ်။

ရီးရဲလ်အသင်းကတော့ ဘန်ဇီမာ ၊ ကာဗာဟယ်လ် ၊ မိုဒရစ် ၊ ရာမို့စ်စတဲ့ ကစားသမားတွေ ဒဏ်ရာရလျက်ရှိနေပြီး ဘေးလ်ကတော့ ပြန်ကစားနေနိုင်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။ ထိပ်ဆုံးနေရာက ဘာစီလိုနာအသင်းနဲ့တော့ ၁၂ မှတ်အထိ ကွာဟလျက်ရှိနေတယ်လို့လည်း သိရပါတယ်။

Mocha

#sports.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment