Powered by Blogger.

မက်ဆီရဲ့ ဘယ်ခြေထောက်က ရော်နယ်ဒိုရဲ့ ညာခြေထောက်ထက်ပိုကောင်းတယ်ဆိုတဲ့ နေမာ



ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး နေမာက သူ့အနေနဲ့ စပိန်သတင်းစာ Marca နဲ့ အင်တာဗျူးမှာ မဟာပြိုင်ဘက်နှစ်ယောက်ဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို ယှဉ်ပြိုင်ပြောကြားမှုတွေပြုလုပ်ခဲ့ပါတယ်။

Marca သတင်းစာနဲ့ အင်တာဗျူးမှာတော့ နေမာဟာ နှိုင်းယှဉ်ပြောပြမှုတွေကို အင်တာဗျူးတစ်ခုလုံးနီးပါး ပြောကြားခဲ့ပြီး ပီလီနဲ့ မက်ဆီအကြောင်းကို နှိုင်းပြီး ပြောနေရာကနေ မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ အားပြိုင်မှုဘက်ကိုပါ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

“ရော်နယ်ဒိုနဲ့ မက်ဆီတို့အပေါ်ကိုရော ဘယ်လိုမြင်လဲဆိုတဲ့” မေးခွန်းကိုတော့ နေမာက အခုလို ဖြေကြားခဲ့ပါတယ်။ “ကျွန်တော်က မက်ဆီရဲ့ ဘယ်ခြေကို ရော်နယ်ဒိုရဲ့ ညာခြေထက် ပိုကြိုက်တယ်ဗျ။ ကျွန်တော့်မှာလည်း အကောင်းဆုံးကစားနိုင်တဲ့ ညာခြေထောက်တစ်ဖက်ရှိနေလို့ပဲဗျ” လို့ နေမာက ဖြေကြားခဲ့တာပါ။

တောင်အာဖရိကရဲ့ အကောင်းဆုံးကစားသမားတွေဖြစ်ကြတဲ့ ပီလီနဲ့ မက်ဆီတို့အကြောင်းကို မေးမြန်းခဲ့တော့လည်း နေမာက “ပီလီဆိုတဲ့ ကစားသမားကြီးကိုတော့ အဘိုးတွေ ၊ အဖေတွေက သူဘယ်လိုကစားတယ်ဆိုတာကို ပြောပြလို့ ကျွန်တော်သိရတာ။ မက်ဆီကလည်း ဒီနေ့ခေတ်ပီလီပဲလို့ သူတို့က ပြောပြတယ်။ ကျွန်တော် ပီလီနောက်တစ်ယောက်နဲ့ ကစားနေရလို့ ဂုဏ်ယူမိပါတယ် ” လို့ နေမာက ပြောပြခဲ့ပါတယ်။

Mocha

#sports.thithtoolwin.com

Ref : 101 Great Goals

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment