Powered by Blogger.

PSG အသင်းက လက်စတာကွင်းလယ်လူ ကန်တေကို ပေါင်သန်း ၂၀ နဲ့ ကမ်းလှမ်းလာ


ပြင်သစ် အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ PSG အသင်းကတော့ လက်စတာအသင်းရဲ့ ကွင်းလယ်ကစားသမား Kante (ကန်တေ)ကို ပေါင်သန်း ၂၀ ဝန်းကျင်နဲ့ စတင် ကမ်းလှမ်းမှုတွေ ပြုလုပ်လာတယ်လို့ သိရပါတယ်။ ကန်တေဟာ လက်စတာအသင်းကနေ နောက်ထပ်လက်လွတ်ရဖွယ်ရှိတဲ့ ကစားသမားဖြစ်လာပြီး ၊ လက်စတာအသင်းရဲ့ တိုက်စစ်မှူး ဂျေမီဗာဒီကလည်း အာဆင်နယ်အသင်းကို ပေါင်သန်း ၂၀ နဲ့ ရောက်ရှိဖို့ နီးစပ်နေခဲ့တာကြောင့်ဖြစ်ပါတယ်။

ကန်တေကိုတော့ ချယ်လ်ဆီးအသင်းကလည်း စိတ်ဝင်စားလျက်ရှိနေပြီး ယူရို ၂၀၁၆ ပြိုင်ပွဲပြီးဆုံးမှသာ ကန်တေက သူ့ရဲ့ အနာဂတ်ကို တိတိကျကျဆုံးဖြတ်သွားဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။ လက်စတာအသင်းနဲ့ စာချုပ်လျော်ကြေး သန်း ၂၀ ရှိနေတဲ့ ကန်တေတစ်ယောက် အသင်းပြောင်းဖြစ် မပြောင်းဖြစ်ကတော့ သူ့အပေါ်မှာပဲ မူတည်လျက်ရှိနေပါတယ်။ ဒါပေမယ့်လည်း လက်စတာအသင်းကတော့ ကန်တေကို ထိန်းထားနိုင်သမျှ ထိန်းထားဖို့ ဆန္ဒရှိနေပြီး ၊ အဓိက ကစားသမားတွေကို လက်မလွှတ်ချင်တာတော့ အမှန်ပဲဖြစ်ပါတယ်။

ကန်တေကိုတော့ မန်စီးတီးအသင်းကလည်း ပေါင်သန်း ၂၀ ဝန်းကျင်နဲ့ ဖြတ်ခုတ်ဖို့ စောင့်ကြည့်နေပြီး ပြင်သစ်ကွင်းလယ်လူကတော့ ပြင်သစ်မြေမှာပဲ ကိုယ့်အစွမ်းကို ပြန်ပြချင်နေလား ၊ တက်လမ်းတွေရှိနေတဲ့ အင်္ဂလန်အသင်းမှာပဲ ဆက်ရှိနေလိုလားဆိုတာကတော့ မသိရသေးပါဘူး။

လက်စတာအသင်းရဲ့ တိုက်စစ်မှူး Vardy (ဗာဒီ)ကတော့ အာဆင်နယ်အသင်းကို ရောက်ရှိဖို့ နီးစပ်နေပြီး အာဆင်နယ်အသင်းတိုက်စစ်မှူး ဂီရော့ဒ်ကလည်း ဗာဒီနဲ့ တွဲကစားလိုတယ်လို့ ဝန်ခံခဲ့ပါတယ်။ လက်ရွေးစင် အသင်းဖော်ဖြစ်သူ ဝီလ်ရှီးယားရဲ့ တိုက်တွန်းမှုကြောင့် ဗာဒီအနေနဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလာခဲ့တာဖြစ်ပြီး နောက်ရာသီ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံအိပ်မက်ကို ဗာဒီက အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မယ်လို့ ထင်နေပါတယ်။

လက်စတာအသင်းနည်းပြ ရာနီရေးရီကတော့ အသင်းရဲ့ တိုက်စစ်မှူးဗာဒီကတော့ အာဆင်နယ်အသင်းနဲ့ ချိတ်ဆက်နေတယ်ဆိုတာကို ဝန်ခံခဲ့ပြီး ၊ နောက်ထပ်ကစားသမားတွေလည်း ထွက်ခွာမသွားအောင်နဲ့ အသင်းရဲ့ အင်အားကို ပြန်လည် ဖြည့်စွမ်းဖို့ကိုသာ အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။ လက်စတာအသင်းကတော့ နောက်ရာသီမှာ ဥရောပဝင်ခွင့်တစ်နေရာ ရရှိဖို့လောက်သာ ပစ်မှတ်ထားယှဉ်ပြိုင်သွားမယ်လို့ဆိုပြီး ချန်ပီယံဆု ကာကွယ်ဖို့ကတော့ ခက်ခဲလွန်းတဲ့ အလုပ်ဖြစ်တယ်လို့ ရာနီရေးရီက ပြောပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : DailyMail


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment