Powered by Blogger.

မန်ယူတိုက်စစ်မှူး မားကပ်စ်ရတ်ဖို့ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေပြန်တဲ့  ဘာစီလိုနာ




ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်မှူးနေမာ ထွက်ခွာသွားတဲ့နောက်မှာ မန်ယူအသင်းရဲ့  လူငယ်တိုက်စစ်မှူး ရတ်ဖို့ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတယ်ဆိုပြီး စပိန် မီဒီယာတွေက ဦးစားပေးဖော်ပြနေတာကို တွေ့ရပါတယ်။

ဘာစီလိုနာရဲ့ အဓိကရည်ရွယ်ချက်ကတော့ လက်ရှိအချိန်မှာ အသက် ၃၀ ရှိနေပြီဖြစ်တဲ့ တိုက်စစ်မှူး ဆွာရတ်ဇ်နေရာမှာ အစားထိုးနိုင်ဖို့ မျှော်မှန်းထားတယ်လို့လည်း သိရပါတယ်။ နေမာထွက်ခွာပြီးတဲ့ နောက်ပိုင်း မှာ ဘာစီလိုနာအသင်းဟာ တိုက်စစ်ပိုင်းကိုပြန်လည်ပြုပြင်တဲ့နေရာမှာ ရတ်ဖို့ဟာ ဘာစီရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ လူငယ်ကစားသမားလည်း ဖြစ်ပါတယ်။

ဘာစီလိုနာက ရတ်ဖို့ကို ခေါ်ယူနိုင်ဖို့အတွက် ငွေကြေးများစွာ မသုံးစွဲချင်ပေမဲ့ မန်ယူအသင်းက သူတို့ ရဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၁၈၅ သန်းလိုချင်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေ ပါတယ်။ ဘာစီလိုနာရဲ့ ရတ်ဖို့ခေါ်ယူနိုင်ဖို့ အရေးကိစ္စဟာ နောက်နှစ်အတွက် ရေးဆွဲနေတဲ့ အစီအစဉ် တစ်ခု ဖြစ်ပေမဲ့လည်း မော်ရင်ဟိုကတော့ ရတ်ဖို့ကို ယခုနှစ်မှာ ယခင်ကထက် ပိုမိုပွဲထုတ်ကစားမယ်လို့လည်း ဆိုထား ပါတယ်။

ရတ်ဖို့ဟာ မန်ယူအသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားဖြစ်သလို မန်ယူအသင်းမှာ ၂၀၁၅ ခုနှစ်က စတင်ကစားခဲ့ပြီး ၄၆ ပွဲကစားအပြီးမှာ ၁၁ ဂိုးသွင်းယူနိုင်ခဲ့တဲ့ လူငယ်တိုက်စစ်မှူးလည်း ဖြစ်ပါသလို မန်ယူ အသင်းနဲ့ ရတ်ဖို့ဟာ ၂၀၂၀ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment