Powered by Blogger.

လက်စတာအသင်းနဲ့ လမ်းခွဲချိန်တန်ပြီလို့ ပြောကြားလိုက်တဲ့ မာရက်ဇ်



လက်စတာကွင်းလယ် icon ကစားသမား မာရက်ဇ်ကတော့ ၂၀၁၅-၂၀၁၆ ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံအသင်းကနေ ထွက်ခွာဖို့အချိန်ကျပြီလို့​ပြောကြားလိုက်ပြီး လက်စတာစီးတီးကနေ ထွက်ခွာချင်နေတဲ့ ဆန္ဒကိုထုတ်ဖော်​ပြောဆိုလိုက်ပါတယ်​။လက်စတာစီးတီးတောင်ပံလူ မာရက်ဇ်ဟာ သူ့အနေနဲ့ စိန်ခေါ်မှုအသစ်တွေ ၊  အတွေ့အကြုံသစ်တွေ ရယူသွားဖို့ အချိန်ကောင်းဖြစ်နေပြီး ကင်းပါဝါကနေ ထွက်ခွာသင့်ပြီလို့ ယူဆနေတာပါ။

မာရက်ဇ်က " ကျွန်တော့်အနေနဲ့ လက်စတာကိုချစ်မြတ်နိုးပြီး​လေးစားမှုရှိတာကြောင့်​ကျွန်တော်​ဒီမှာဆက်နေခဲ့ပါတယ်။ အခုကျွန်တော့်စိတ်ထဲမှာ အပြောင်းအလဲတစ်ခုတော့ လုပ်သင့်ပြီထင်နေတာ​ကြောင့်​ဒါကိုကလပ်အသင်းကို အသိပေးခဲ့ပါတယ်။

ဒါ​ပေမယ့်​ကျွန်တော်ကတော့ ရည်မှန်းချက်ကြီးကြီးထားပါတယ်။ အတွေ့အကြုံသစ်တွေ ရှာဖွေဖို့အချိန်​ကျနေပြီလို့ခံစားရပါတယ်။ ကျွန်တော်​လက်စတာအသင်းက လူတွေအားလုံးနဲ့​ကောင်းမွန်တဲ့ မိသားစုလိုဆက်ဆံရေးရှိနေပြီး ကျွန်တော်​ဒီမှာကစားခဲ့တဲ့ အတောအတွင်းမှာ အားလုံးရဲ့ယုံကြည်မှူကိုပြန်ပေးဆပ်နိုင်တယ်လို့ ထင်ပါတယ်။ " လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မာရက်ဇ်က "ကျွန်တော်​လက်စတာမှာကစားနေစဉ်​ကလပ်အသင်းကိုပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ပါဝင်ခဲ့ရလို့ ဂုဏ်ယူမိပါတယ်။ ကလပ်အသင်းနဲ့သာမကအံ့သြစရာအားပေးကြတဲ့ ပရိတ်သတ်တွေနဲ့ ဆက်ဆံရေးကိုလည်း တစ်သက်လုံးတန်ဖိုးထား​နေပါမယ်။ သူတို့အားလုံးကျွန်တော့်​ရဲ့ဆုံးဖြတ်​ချက်​ကိုနားလည်လက်ခံမယ်လို့​မျှော်လင့်နေပါတယ်​။" လို့​ပြောကြားသွားခဲ့ပါတယ်။

ဒီနှစ်နွေရာသီမှာ လက်စတာကနေထွက်ခွာဖို့များသွားပြီဖြစ်တဲ့ မာရက်ဇ်ကိုတော့ ပီအက်စ်ဂျီအသင်းနဲ့ အာဆင်နယ်အသင်းတို့က ချိတ်ဆက်လျက်ရှိနေကြပါတယ်။


  Mocha

 #sport.thithtoolwin.com

  Ref:Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment