Powered by Blogger.

မန်ယူအသင်းနဲ့  သတင်းပြန်လည်ထွက်လာတဲ့ ဂါရက်ဘေးလ်


စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံကစားသမား ဂါရတ် ဘေးလ် ကို မန်ယူအသင်းက ပြောင်းရွှေ့ကာလမပြီးဆုံးခင်မှာ ပြောင်းရွှေ့ကြေး ပေါင် ၉၂ သန်းနဲ့ ခေါ်ယူမယ်ဆိုပြီး ဖော်ပြတာတွေ ရှိနေပါတယ်။ ဂါရတ် ဘေးလ်ဟာ ပရီးမီးယားလိဂ်မှာ အတွေ့အကြုံရှိတဲ့ ကစားသမားဖြစ်သလို မန်ယူအသင်းကလည်း တောင်ပံကစားသမားတစ်ယောက် အလိုရှိနေတဲ့အတွက် ဘေးလ်ရဲ့ အပြောင်းအရွှေ့ ဟာ ပြောင်းရွှေ့ကာလမပြီးဆုံးခင်မှာ ဖြစ်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ မန်ယူအသင်းဟာ နိုင်ပွဲဆက်နေပြီး အသင်းကို ပိုမိုအားအောင်ပြုလုပ်နိုင်တယ်လို့ ပြောကြသလို ဆုဖလားမျှော်လင့်ချက်အတွက် ခေါ်ယူအားဖြည့်နိုင်တယ်လို့ သတင်းတွေက ရေးသားကြပါတယ်။
၂၀၁၃ ခုနှစ်က ပရီးမီးယားကလပ် စပါးလ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းနဲ့ ရီးရဲလ်ကို ပြောင်းရွှေ့ကစားခဲ့တဲ့ ဘေးလ်က “ ပရီးမီးယားလိဂ်နဲ့ လာလီဂါမှာ ကွာခြားမှုလေးတွေ ရှိပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် ဝေးလ်နိုင်ငံသား ဘေးလ်ဟာ ပြောင်းရွှေ့ကာလမပြီးဆုံးခင် ကြာသပတေးည ၁၁ နာရီအထိ မန်ယူကို ပြောင်းရွှေ့လာနိုင်ဖို့ အလေးသာနေတဲ့ ကစားသမားတစ်ဦးဖြစ်နေတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြနေပါတယ်။ ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ၂၀၁၃ ခုနှစ်က စတင်ကစားခဲ့ ပြီး ပွဲ ၁၀၂ ပွဲကစားအပြီးမှာ ၅၅ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တောင်ပံကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။


Mocha

#sport.thithtoolwin.com

Ref: goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment