Powered by Blogger.

ဥရောပတစ်နှစ်တာအကောင်းဆုံး ဆုကိုနှစ်နှစ်ဆတ် ဆွတ်ခူးခဲ့တဲ့  စီရော်နယ်ဒို




ပေါ်တူဂီလက်ရွေးစင် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ၂၀၁၇ခုနှစ်အတွက်ဥရောပတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအား ပြိုင်ဘက်များဖြစ်သည့် ဘူဖွန်၊ မက်ဆီတို့ အားကျော်ဖြတ်ကာ ၃ကြိမ်မြောက်အဖြစ် ၂နှစ်ဆက်ဆွတ်ခူးရရှိခဲ့ပြီဖြစ်သည်။

စီရော်နယ်ဒိုသည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ ၂၀၁၆-၂၀၁၇ဘောလုံးရာသီတွင် ပွဲထွက်ကစားခွင့် ၄၆ပွဲတွင် ၄၂ဂိုးထိသွင်းယူပြီခြေစွမ်းပြကစားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကို လာလီဂါချန်ပီယံ၊ ချန်ပီယံလိဂ်ချန်ပီယံ၊ စပိန်စူပါဖလားချန်ပီယံ၊ ဥရောပစူပါဖလားချန်ပီယံ၊ ကမ္ဘာ့ ကလပ်ချန်ပီယံ စသည့်ဆုဖလား ၅လုံးအားဆွတ်ခူးရရှိအောင် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့သည့်အတွက် ယခုကဲ့သို့  ဥရောပအကောင်းဆုံးကစားသမားဆုအားဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပါတယ်။


Mocha

#sport.thithtoolwin.com

Ref: UEFA
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment