ဘာစီလိုနာအသင်းကနေ ထွက်ခွာသင့်တယ်လို့  မက်ဆီကိုအကြံပြုလိုက်တဲ့ ရိုင်အိုလာ
ဘောလုံးလောကရဲ့ နာမည်ကြီး အေးဂျင့်ဖြစ်သူ ရိုင်အိုလာမှ ဘာစီလိုနာစတား မက်ဆီအနေဖြင့် သူဘယ်လောက်ထိ ကောင်းတယ်ဆိုတာ ပြသဖို့ အသင်းပြောင်းရွှေ့ သင့်ကြောင်း တိုက်တွန်း ပြောကြားလိုက်ပါတယ်။
ဇာလာတန်၊ လူကာကူ၊ ဗာရတီနှင့် ပေါ့ဘာတို့ရဲ့ အေးဂျင့်ဖြစ်သူ ရိုင်အိုလာမှ ''မက်ဆီလို ကစားသမားမျိုးအနေနဲ့ မတူညီတဲ့ ကလပ်မှာ သွားကစားပြီး အတွေ့ အကြုံတွေ ရယူသင့်ပါတယ်၊ ပြီးတော့ သူဘယ်လောက်ထိ ကောင်းတယ်ဆိုတာကို အခြားကလပ်မှ သက်သေပြသင့်တယ်၊ ဘာစီလိုနာအသင်းအနေနဲ့လည်း တီထွင်မှုတွေ ပြန်လည် လုပ်သင့်ပါတယ်'' လို့ ဆိုပါတယ်။
အာဂျင်တီးနားသားဟာ စာချုပ်သစ်အတွက် သဘောတူထားပေမယ့် တရားဝင်လက်မှတ်ထိုးဖို့ ကျန်ရှိနေသေးပြီး ၎င်းအား မန်စီးတီးအသင်းမှ ယခုရာသီကုန်၌ ချိတ်ဆက်လာဖွယ် ရှိနေပါတယ်။
Mocha
#sport.thithtoolwin.com
Ref: daily mail
0 comments :
Post a Comment