လတ်စတာကွင်းလယ်လူ ဒရင့်ဝါးတားကို ပေါင် ၃၂ သန်းနဲ့ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့  ချဲလ်ဆီးအသင်း
ပရီးမီးယာလိဂ်ချန်ပီယံ ချဲလ်ဆီးအသင်းဟာ လက်စတာကွင်းလယ်လူ ဒရင့်ဝါးတားကိုခေါ်ယူဖို့အတွက် ပေါင် ၃၂ သန်းနဲ့ထပ်ပြီးကမ်းလှမ်းမယ်လို့သိရပါတယ်။
မန်ယူကိုပြောင်းသွားတဲ့မာတစ်ရဲ့နေရာမှာ အစားထိုးဖို့ ဒရင့်ဝါးတားကိုချဲလ်ဆီးကအလိုရှိနေတာဖြစ်ပြီး ပေါင် ၂၅ သန်းနဲ့ကမ်းလှမ်းမှုပယ်ချခံထားရပြီးဖြစ်ပါတယ်။
ဒါပေမယ့် သူရဲ့လက်စတာနဲ့စာချုပ်မှာ ပြောင်းရွှေ့ကြေးထည့်သွင်းထားခြင်းမရှိလို့ လက်စတာဘက်ကကြိုက်သလိုဈေးခေါ်ခွင့်ရှိနေတာပါ။အသက် ၂၇ နှစ်ရှိတဲ့ ဒရင့်ဝါးတားကို ပေါင်သန်း ၄၀မှမရရင်မရောင်းဘူးလို့ လက်စတာဘက်ကဆိုထားပါတယ်။
Mocha
#sport.thithtoolwin.com
Ref: daily mail
0 comments :
Post a Comment