ဒရက်ဇ်လာအား ရောင်းချမှာမဟုတ်ကြောင်း ငြင်းဆိုလိုက်တဲ့ ပီအက်စ်ဂျီ
ဥရောပထိပ်သီးအသင်းများမှခေါ်ယူရန်စိတ်ဝင်စားလျက်ရှိသည့် ဂျာမနီလက်ရွေးစင်ကွင်းလယ်ကစားသမား ဂျူလီယန်ဒရက်ဇ်လာအား ရောင်းချမှာမဟုတ်ကြောင်း ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများမှ မီဒီယာများသို့ တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
၂၀၁၇ခုနှစ် ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲတွင် ဂျာမနီလက်ရွေးစင်အသင်းနှင့်အတူ ခြေစွမ်းကောင်းများပြသကာ အကောင်းဆုံးကစားသမားဆုအားဆွတ်ခူးရရှိခဲ့သည့် အသက် ၂၃နှစ်အရွယ်ရှိ ဂျူလီယန်ဒရက်ဇ်လာသည် ၂၀၁၇ဇန်နဝါရီ အပြောင်းအရွေ့ ကာလတွင် ဝုတ်စ်ဘက်အသင်းမှ ပီအက်စ်ဂျီသို့ ၎နှစ်စာချုပ်ဖြင့်ပြောင်းရွေ့  ကစားခဲ့သူဖြစ်ကာ ပွဲထွက်ကစားခွင့် ၁၇ပွဲတွင် ၁၀ဂိုးသွင်းကာခြေစွမ်းပြကစားနေခြင်းကြောင့် ထိပ်သီးအသင်းများဖြစ်သည့် ဘာစီလိုနာ၊ အာဆင်နယ်၊ လီဗာပူးလ်စသည့်အသင်းများမှခေါ်ယူရန်စိတ်ဝင်စားခြင်းခံနေရသူဖြစ်ပါတယ်။
“ ဒရက်ဇ်လာ ဟာဘယ်အသင်းမှပြောင်းရွေ့ မှာမဟုတ်ပါဘူး။ ကမ်းလှမ်းမှုတွေအားလုံးကိုလည်း ပယ်ချထားပါတယ်။ လာမယ့်ရာသီမှာ သူဒီထက်အောင်မြင်နိုင်ဖို့  အသင်းအနေနဲ့ အခွင့်အရေးတွေပေးသွားမှာပါ။ ရည်ရှယ်စာချုပ်ထပ်မံချုပ်ဆိုဖို့ လည်း အစီစဉ်ရှိပါတယ်။” ဟုပီအက်စ်ဂျီအသင်းတာဝန်ရှိသူတစ်ဦးမှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Mocha
#sport.thithtoolwin.com
Ref: daily mail
0 comments :
Post a Comment