PSG အသင်းနဲ့ပွဲစဉ်က စီရော်နယ်ဒိုရဲ့ ခြေစွမ်းကို မေးခွန်းထုတ်သွားတဲ့ ဘာစီလိုနာကွင်းလယ်လူဟောင်း ဇာဗီ
ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်းဇာဗီက ပီအက်စ်ဂျီအသင်းနဲ့ ၇ီးရဲလ်မက်ဒရစ်အသင်းတို့ပွဲစဉ်မှာ ရီးရဲတိုက်စစ်မှူးစီရော်နယ်ဒိုဟာ နေမာထက်ပိုကောင်းေ်နဆဲဆိုတဲ့သုံးသပ်ချက်တွေကိုပယ်ချလိုက်ပြီး သူတို့နှစ်သင်းတွေ့ခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ စီရော်နယ်ဒိုကဘာတွေလုပ်ပြနိုင်ခဲ့လည်းလို့မေးခွန်းထုတ်လိုက်ပါတယ်။
ရီးရဲလ်ဟာဒီပွဲမှာစီရော်နယ်ဒိုရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ၃-၁ နဲ့နိုင်ခဲ့တာပါ။ဇာဗီက“စီရော်နယ်ဒိုက နေမာထက်ပိုကောင်းတယ်ဆိုတာဟာ မမျှတဘူးဗျ။ဒီပွဲမှာသူဘာတွေလုပ်ပြခဲ့လို့လည်း။
ပင်နယ်တီဂိုးနဲ့ ဒူးနဲ့တိုက်ပြီးဂိုးသွင်းတာတွေလား။ဒါဆိုရင် နေမာရဲ့အန္တရာယ်ရှိတဲ့ဖန်တီးမှုတွေကိုရောဘယ်လိုလုပ်မလဲ။သူဟာတန်ပြန်တိုက်စစ်တွေနဲ့ရီးရဲလ်ကိုအကြောက်တရားတွေပေးခဲ့ပါတယ်”လို့ပြောသွားပါတယ်။
Mocha
#sport.thithtoolwin.com
Ref:goal
0 comments :
Post a Comment