Adidas ဟာ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုမယ့် ဘောလုံးကို ကြာသပတေးညက ထုတ်ဖော်ပြသခဲ့ပါတယ်။
Adidasဟာဒီဘောလုံး ဒီဇိုင်းကို Telstar လို့နာမည်ပေးထားတာဖြစ်ပြီး ၁၉၆၈ ယူရိုပြိုင်ပွဲမှာ စတင်အသုံးပြုကာ မက္ကဆီကိုနိုင်ငံမှာကျင်းပခဲ့တဲ့ ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အသုံးပြုခဲ့ဖူးတယ်လို့သိရပါတယ်။
Adidas ဟာ Telstar ရဲ့နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ရုရှားကမ္ဘာ့ဖလားမှာ အသုံးပြုဖို့ရွေးချယ်လိုက်တာဖြစ်ပေမယ့် ပရိသတ်တော်တော်များများကတော့ ငယ်ငယ်တုန်းက ကျောင်းမှာကစားတဲ့ ဘောလုံးနဲ့တူတယ်လို့ မနှစ်သက်ဘဲဖြစ်နေကြပါတယ်။
Mocha
#thithtoolwinsports
Ref:goal
0 comments :
Post a Comment