Powered by Blogger.

၁၉ မိနစ်ကြာ ၀င်ရောက်ကစားခဲ့ ပြီးတစ်ဂိုးသွင်းယူကာ ဒဏ်ရာရရှိသွားတဲ့  ဒန်နီရယ်စတားရစ်



လီဗာပူးတိုက်စစ်မူးဒန်နီရယ်စတားရစ်ဟာ ဘိုင်ယန်မြူနစ်အသင်း ကို ၃ :၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့  အူဒီဖလားပြိုင်ပွဲမှာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။

အသက် ၂၇နှစ်အရွယ်ရှိတဲ့ အင်္ဂလန်တိုက်စစ်မူးစတားရစ်ဟာ ဘိုင်ယန်အသင်းနဲ့ပွဲစဉ်မှာ 68မိနစ်မှာလူစားလဲ ၀င်ရောက်ကစားခဲ့ပြီး ၁၅မိနစ်အကြာမှာလီဗာအသင်းအတွက်တတိယအနိုင်ဂိုးကိုသွင်းယူပြီ ၈၇ မိနစ်မှာဒဏ်ရာရရှိခဲ့တာကြောင့် ကွင်းပြင်ပသို့ ထွက်ခွာခဲ့ ရပါတယ် ။

အဆိုပါပြိုင်ပွဲမှာ လီဗာပူးအသင်းဟာ မာနေး ၊ ဆာလတ် ၊စတားရစ်တို့ ရဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။လီဗာပူးနည်းပြ ကလော့ကတော့ စတားရစ် ဒဏ်ရာမပြင်းထန်ဖို့ မျော်လင့်နေတယ်လို့ သိရပါတယ် ။
လီဗာပူးအသင်းဟာ အူဒီဖလား ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ ဂျာမန်ဘီလူးကြီးကို သုံးဂိုးပြတ်သွင်းယူ နိုင်ခဲ့ ပြီးဗိုလ်လုပွဲ မှာ စပိန်ထိပ်သီးအသင်းဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ် အေတီကို အသင်းဟာဆီးမီးပွဲစဉ်မှာ နာပိုလီအသင်းကို ၂:၁ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။


Mocha

#sport.thithtoolwin.com

Ref : bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment