Powered by Blogger.

မန်ယူ ပရီးမီးယားလိဂ်ဖလားရနိုင်ကြောင်း မာတစ်ပြော



မန်ယူက အပြီးသတ်ခေါ်ယူခဲ့တဲ့ နီမန်ဂျာမာတစ်ဟာ မန်ယူနဲ့ပတ်သက်လို့ ကြီးမားတဲ့ ထင်မြင်ချက်တစ်ခုကို ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

နီမန်ဂျာမာတစ်အနေနဲ့ မန်ယူဟာ နောက်ရာသီမှာ ပရီးမီယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်တယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့တာပါ။

မော်ရင်ဟိုရဲ့ မန်ယူဟာ ပြီးခဲ့တဲ့နှစ်တုန်းက အဆင့် ၆နဲ့ ကျေနပ်ခဲ့ရပြီး သရေပွဲ ၁၈ပွဲနဲ့အတူ ချန်ပီယံချယ်လ်ဆီးရဲ့နောက် ၂၄မှတ်အထိ ကွာဟခဲ့တာပါ။

‘ဒီလူစာရင်းဟာ ဟိုဆေးနဲ့ တစ်ရာသီလက်တွဲပြီး ဖြစ်တာကြောင့် ရင့်ကျက်နေပြီလို့ထင်ပါတယ်၊ ဒါကြောင့် ဒီရာသီမှာ ကျွန်တော်တို့ တော်တော်များများ လုပ်နိုင်မှာပါ။ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်လို ဖလားတွေကိုလည်း ရနိုင်မယ်ထင်ပါတယ်’ လို့ မာတစ်က MUTV နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာပါ။

 Brucee

#sport.thithtoolwin.com

 Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment