Powered by Blogger.

ခြေကျင်းဝတ်ဒဏ်ရာရရှိသွားခဲ့တဲ့ ဂါရက်ဘေးလ်


ရီးရဲလ်မက်ဒရစ်အသင်းရဲ့  တောင်ပံ တိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ဟာအသင်းရဲ့  လေ့ကျင့်ရေးကွင်းမှာခြေချင်းဝတ်ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် ၈ရက်နေ့ မှာကစားမယ် မန်ယူအသင်းနဲ့ဥရောပစူပါဖလားပွဲစဉ်မှာပါဝင်ဖို့မသေချာဖြစ်နေတယ်လို့သိရပါတယ်။

ဂါရက်ဘေးလ်ဟာကွင်းထဲမှာညာဘက်ခြေချင်းဝတ်ကို ကိုင်ပြီလဲကျသွားခဲ့ပြီလေ့ ကျင့်ရေးကွင်းကနေထွက်ခွာသွားခဲ့ရပါတယ်။ ကွင်းထဲကနေထွက်သွားတုန်းမှာလည်းစိတ်ပျက်လက်ပျက်အမူအယာဖြစ်နေလို့ သူ့ဒဏ်ရာပြင်းထန်ပုံရတယ်လို့လည်းဆိုကြပါတယ်။

ဥရောပစူပါဖလားပွဲကို သြဂုတ် ၈ ရက်မှာကစားရမှာပါ ၊ဝေးလ်ကြယ်ပွင့်ဟာပြီးခဲ့တဲ့ရာသီမှာလည်းဒဏ်ရာပြဿနာကြောင့် လာလီဂါမှာ ၁၇ ပွဲသာကစားခွင့် ရခဲ့တာပါ။သူ့ရဲ့ပြောင်းရွှေ့ကြေး၊ပေးရတဲ့လစာ၊ဒဏ်ရာပြဿနာနဲ့ သွင်းခဲ့တဲ့ဂိုးတွေအရ ရီးရဲလ်အသင်းဟာ စိတ်ပျက်နေပြီး ဘေးလ်ကိုရောင်းထုတ်ကာ မိုနာကိုအသင်းရဲ့ လူငယ်ကစားသမားလေ ဘာပေနဲ့ အစားထိုးလိုနေတာဖြစ်တယ်လို့သိရပါတယ်။

ဘေးလ်ဟာရာသီကြိုပွဲစဉ်တွေမှာမှာလည်းခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ဝေဖန်မူတွေနဲ့ ကြုံတွေ့ နေရတာဖြစ်ပါတယ် ။


Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment