Powered by Blogger.

ESPN သတင်းထောက်ကို ရေကူးကန်ထဲတွန်းချခဲ့တဲ့ ပေါ့ဂ်ဘာ




အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မှာ သူငယ်ချင်းဖြစ်သူ လူကာကူနဲ့ အားလပ်ရက်ခရီးထွက်နေတဲ့ ပေါ့ဂ်ဘာဟာ ခရီးစဉ်အတွင်းမှာ အပြောင်အပျက်တွေ လုပ်ခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်အနေနဲ့ LA က ရေကူးကန်နားမှာ ESPN အတွက် အင်တာဗျူးလုပ်နေတုန်း ဂျာနယ်လစ်ကို အနားမှာရှိတဲ့ ရေကူးကန်ထဲ တွန်းချခဲ့တာပါ။

အနားမှာလည်း မန်ယူကိုပြောင်းရွှေ့ဖို့ လောလောလတ်လတ် သဘောတူညီမှု ရရှိထားတဲ့ ရိုမီယူလူကာကူလည်း ရှိနေပါတယ်။


အရင်ဆုံး ကျောက်တုံး၊ စက္ကူ၊ ကပ်ကြေး ဂိမ်းကို ဆော့ခဲ့ပြီး ဂျာနယ်လစ်က ရှုံးသွားတဲ့ အချိန် တွန်းချခဲ့တာလည်း ဖြစ်ပါတယ်။

အဲ့ဒီနောက်တော့ ရယ်မောပြီး ထွက်သွားခဲ့ပါတယ်။


     Brucee

   #sport.thithtoolwin.com

   Ref: Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment