Powered by Blogger.

အဲဗာတန်ကိုရောက်ရှိသွားပြီ ဖြစ်တဲ့ ရွန်းနီ


အသင်းဟောင်း အဲဗာတန် အသင်းကို ပြန်လည် ရောက်ရှိသွားခဲ့တဲ့ မန်ယူ တိုက်စစ်မှူးဟောင်း ရွန်းနေဟာ ၎င်းအနေနဲ့ အသင်းဟောင်းသို့ တစ်ကျော့ပြန် ပြန်လာချိန်မှာတော့ ဆုဖလား ရယူဖို့ အတွက် မျှော်လင့် ယုံကြည်နေပါတယ်။ အင်္ဂလန် တိုက်စစ်မှူး ရွန်းနေ အတွက်တော့ အဲဗာတန် အသင်းကို ပြောင်းရွှေ့ခဲ့တာဟာ နောက်ဆုံး ၁၃ နှစ် အတွင်း ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။ သူဟာ အဲဗာတန် အသင်းနဲ့ တနင်္ဂနွေနေ့က ၂ နှစ် စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

 ရွန်းနေဟာ မန်ယူ အသင်း အတွက် ပရီးမီးယားလိဂ် ဖလား ၅ ကြိမ် ရရှိခဲ့သလို ချန်ပီယံလိဂ်၊ FA ဖလားနဲ့ ယူရိုပါလိဂ် ဖလား အပြင် EFL Cup ဖလား ၃ ကြိမ်လည်း ရရှိခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

 အဲဗာတန် အသင်း ၀က်ဘ်ဆိုက်ကနေ တစ်ဆင့် ရွန်းနေက ဆုဖလားတွေ ရယူဖို့က ကျွန်တော့် အတွက် အဓိက ရည်မှန်းချက်ပါ။ အသင်း အနေနဲ့လည်း အခုအချိန်မှာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ယူဆပါတယ်။ ကျွန်တော့် အနေနဲ့လည်း အောင်မြင်မှုတွေ ရရှိမယ့် အဲဗာတန် အသင်း လူစာရင်းမှာ ပါဝ
င်ချင်ပါတယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

 Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment