Powered by Blogger.

ဘာကာယိုကိုကို ကြားဖြတ်ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ မန်ယူ


 ချယ်လ်ဆီးကဒီနွေအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ သဘောတူညီမှုရထားတဲ့ ဘာကာယိုကိုကို မန်ယူက ကြားဖြတ်ပြီး ခေါ်ယူဖို့ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေတုန်းက အဲဗာတန်တိုက်စစ်မှူး လူကာကူကို ပေါင် ၇၅သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီးနောက်မှာ မော်ရင်ဟိုရဲ့ အသုံးစရိတ်ဟာ ဗစ်တာလင်ဒီအော့ဖ်နဲ့ လူကာကူ နှစ်ယောက်ပေါင်းနဲ့တင် ပြီးခဲ့တဲ့နွေက အသုံးပြုထားတဲ့ ပေါင်သန်း ၁၀၀ ကို ကျော်လွန်သွားပြီ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း လူကာကူကို ချယ်လ်ဆီးက ခေါ်ဖို့လုပ်နေတုန်းမှာ ချယ်လ်ဆီးက စိတ်ဝင်စားနေတဲ့ ဘာကာယိုကိုကို ထပ်မံ ကြားဖြတ်ခေါ်ယူဖို့ ပြုလုပ်နေပါတယ်။

ချယ်လ်ဆီးအနေနဲ့လည်း မန်စီးတီးဂိုးသမား ကာဘယ်လာရိုနဲ့ ရိုးမားနောက်ခံလူ ရူဒီဂါတို့ကိုခေါ်ယူပြီး ဈေးကွက်မှာ ငြိမ်နေပါတယ်။

မန်ယူဟာ မိုနာကိုကွင်းလယ်ကစားသမားအတွက် ပေါင် ၃၅သန်းနဲ့ သဘောတူညီမှုရထားပြီလို့လည်း သတင်းတွေက ရေးနေပါတယ်။

ပြင်သစ်သားနှစ်ယောက်လုံး အပြောင်းအရွှေ့မှာ လက်သွက်နေတဲ့ ယူနိုက်တက်ထံ ရောက်သွားတော့မလား စောင့်ကြည့်ရမှာပါ။

     Brucee

   #sport.thithtoolwin.com

    Ref: Express

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment